ကမ္ဘာပေါ်မှာ အစားအသောက်တွေနဲ့ အလှပြင်ရတာလောက် ပျော်ဖို့ကောင်းတဲ့အရာ မရှိတော့ပါဘူး။ အသားအရည်ကို ကြည်လင်စေဖို့၊ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ဖို့နဲ့ အမဲစက်တွေ၊ အမာရွတ်တွေကို လျော့ပါးလာစေဖို့ ကူညီပေးတဲ့နေရာမှာတော့ ကော်ဖီမှုန့်လောက်အစွမ်းထက်တဲ့အရာက ငိုရာရင်တောင် မတွေ့နိုင်ပါဘူး။

ဆိုတော့ ကော်ဖီမှုန့်နဲ့တကွ ဘယ်လိုပါဝင်ပစ္စည်းတွေကို အသုံးပြုပြီး အသားအရေထိန်းသိမ်းနိုင်မလဲ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ ကော်ဖီမှုန့်နဲ့ ဒိန်ချဉ်

Source: YouTube

ပထမဦးဆုံးအနေနဲ့ ကော်ဖီမှုန့် (၂) ဇွန်းနဲ့ ဒိန်ချဉ် (၁) ဇွန်းကို သမအောင်ရောမွှေပြီး ဒီတိုင်းထားထားလိုက်ပါ။ မျက်နှာသစ် တိုနာလိမ်းပြီးမှ ခုနကမွှေထားတဲ့ အရောအနှောကို မျက်နှာအောင်နှံစပ်အောင်လိမ်းပေးပါ။ ခြောက်သွားရင်တော့ ရေဆေးချလိုရပါပြီ။ တစ်ပတ်ကော်ဖီမှုန့်နဲ့ အက်ဆစ်ဓာတ်ကြွယ်ဝတဲ့ ဒိန်ချဉ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ကြည်လင်တောက်ပလာစေနိုင်ပါတယ်။

၂။ ကော်ဖီမှုန့်၊ သံပရာရည်နဲ့ ပျားရည်

Source: grums aarhus

ကော်ဖီမှုန့် (၁) ဇွန်းနဲ့ ပျားရည် (၁) ဇွန်းတို့ကို သမအောင်အရင်ရောမွှေပြီးတော့မှ သံပရာရည် (၁) ဇွန်းလောက်ကို ထပ်ရောပြီးမွှေပေးပါ။ မိနစ် (၂၀) လောက်မျက်နှာပေါ်တင်ထားပြီးရင်တော့ ရေအေးလေးနဲ့ဆေးချလိုက်လို့ ရပါပြီ။ အဆီပြန်တတ်သူတွေ၊ ဝက်ခြံပေါက်တတ်သူတွေနဲ့ အသားအရေတင်းရင်ချင်သူတွေ အဓိကထားသုံးပေးလို့ပါတယ်။

၃။ ကော်ဖီမှုန့်နဲ့ အုန်းဆီ

Source: behance.net

ကော်ဖီမှုန်နဲ့ အုန်းဆီအရောအနှောကို မျက်နှာပေါ် (၁၅) မိနစ်လောက်တင်ထားပြီးရင် ရေဆေးချလို့ရပါပြီ။ ရလဒ်မြန်မြန်တွေ့ချင်ရင်တော့ တစ်ပတ် (၂) ကြိမ်လောက် ပုံမှန်ပြုလုပ်ပေးဖို့လိုပါမယ်။ ဒီကော်ဖီမှုန့်နဲ့ အုန်းဆီ Mask က သင့်အသားအရေကို ညီညယစေပြီး အမာရွတ်ကင်းရှင်းလာအောင် ကူညီပေးနိုင်ပါတယ်။

၄။ ကော်ဖီမှုန့်၊ နနွင်းမှုန့်နဲ့ နို့

Source: youtube.com

ကော်ဖီမှုန့်ကတော့ ထုံးစံအတိုင်း ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေညီညာလာစေတယ်။ နနွင်းမှုန်ကတော့ ပျက်စီးနေတဲ့အသားအရေတွေကို ပြန်လည်ကောင်းမွန်လာစေတယ်။ နို့ကတော့ အသားအရေတင်းရင်းလာစေပြီး အရေးအကြောင်းနဲ့ အမဲစက်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ကော်ဖီမှုန့် (၁) ဇွန်း၊ နနွင်းမှုန့် (၁) နဲ့ နို့ (၃) ဇွန်းကိုရောပြီး မွှေကာ မျက်နှာပေါ်မိနစ် (၄၀) လောက်ထားပေးပါ။ ပြီးသွားရင်တော့ ရေအေးလေးနဲ့ ဆေးချလို့ရပါပြီ။

Featured image source: StyleTips101.com