Beauty & Fashion | အလှအပ – Beauty | အသားအရေ – Skincare

ပန်းသီးရှလကာရည်ကို အသားအရေ ကြည်လင်လှပစေဖို့ ဘယ်လိုအသုံးပြုမလဲ

July 14, 2017

ပန်းသီးရှလကာရည်ကို အသားအရေ ကြည်လင်လှပစေဖို့ ဘယ်လိုအသုံးပြုမလဲ

Share this on:

ပန်းသီးရှလကာရည် (Apple Cider Vinegar) နဲ့ မျက်နှာသစ်ဖူးပါသလား။ ပန်းသီးရှလကာရည်ဟာ အသားအရေအတွက် ကောင်းမွန်စေပါတယ်။ (အရမ်း sensitive ဖြစ်တတ်တဲ့အသားအရေမျိုးဆိုရင် အရင်ဆုံး လက်မှာစမ်းသတ်ပေးပြီး ကိုယ်နဲ့အဆင်ပြေမှ သုံးပါ)

ပါဝင်ပစ္စည်း

ပန်းသီးရှလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ စားပွဲတင်ဇွန်း ၁ ဇွန်း

ဘူးအသေး ၁ ခု

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်ခုကို ဘူးထဲရောလိုက်ပြီး လှုပ်ခါလိုက်ပါ။ ပြီးရင် မျက်နှာကို အရင်သန့်အောင်သစ်လိုက်ပါ။ အဲဒီနောက် စောစောက ရေနဲ့ ပန်းသီးရှလကာရည်ရောထားတာကို ၀ါဂွမ်းစတဲ့တို့ပြီး မျက်နှာပေါ်မှာလိမ်းပါ။ မိနစ် ၃၀ လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချပါ။

ဝက်ခြံရှိတဲ့အသားအရေအတွက်လည်း ကောင်းမွန်ပါတယ်။ Cleaner အဖြစ်အသုံးပြုနိုင်ပါတယ်။ ချွေးပေါက်တွေကို သန့်စင်ပေးလို့ အဆီပြန်တာကိုလည်း သက်သာစေပါတယ်။

Organic ပန်းသီးရှလကာရည်သုံးပေးရင်ပိုကောင်းပါတယ်။ သူ့မှာ ဗီတာမင်နဲ့ သတ္တုဓါတ်ပါဝင်လို့ ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်ပြီး အသားအရေကို ကြည်လင်စိုပြေစေမှာပါ။

Review

User Rating

2.8 (8 Votes)