လူတိုင်းကနေ့စဉ် တာဝန်ကိုယ်စီကျေပွန်အောင် ထမ်းဆောင်နေကြရတာပါ။ ကျောင်းသားဆိုလည်း ကျောင်းသားတာဝန်၊ ရုံးသမားတွေဆိုလည်း ရုံးတာဝန်၊ အိမ်ရှင်မတွေဆိုလည်း အိမ်မှုကိစ္စမျိုးစုံကို ကျေပွန်အောင် ဆောင်ရွက်ကြရပါတယ်။ လူသားတွေက စက်ရုပ်တွေ မဟုတ်ကြတော့ လုပ်ငန်းကိစ္စတွေအားလုံးကို တရစပ် မလုပ်နိုင်ကြပါဘူး။ တစ်ခါတလေကျတော့လည်း အလုပ်တာဝန်တွေကများလွန်းတော့ စိတ်ဖိစီးမှုတွေ ခံစားကြရတာပေါ့။ အဲ့ဒီလိုစိတ်ဖိစီးလာကြတဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စိတ်ဖိစီးမှုကို ဖြေဖျောက်ကြရတာပေါ့။

စာဖတ်ဝါသနာအိုးတွေကလည်း စာအုပ်လေးတွေကို အဖော်ပြုရင်း စိတ်အပန်းပြေကြ၊ တချို့ တွေကျတော့ ဒေါသထွက်ချိန်၊ စိတ်ညစ်ချိန်တွေဆို နားကြပ်ကြီးတပ်ပြီး Volume အဆုံးအထိချဲ့ ရင်း သီချင်းနားထောင်ကြ၊ တချို့ ကလည်း ဟာသရုပ်ရှင်လေးတွေ ကြည့်ကြတာပေါ့။ အရင်ခေတ်တွေတုန်းက တိတိကျကျပြောရမယ်ဆို စမတ်ဖုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးမပြုခင်တုန်းက တီဗွီတွေ၊ ရေဒီယိုတွေပဲ အားကိုးခဲ့ကြရတာ။ တီဗွီ၊ ရေဒီယိုတွေက သူ့အချိန်နဲ့သူလွှင့်တာဆိုတော့ သူတို့လွှင့်တဲ့အချိန်မှာ ကိုယ်မအားဘူးဆို ကိုယ်ကြိုက်တဲ့အစီအစဉ်လေးတွေက လွတ်ကုန်ရော။

ယနေ့ခေတ်မှာတော့ နည်းပညာတိုးတက်လာတာကိုပဲ ကျေးဇူးတင်ရမယ်။ ဖုန်းလေးတစ်လုံးနဲ့ အင်တာနက်လေးရှိရုံနဲ့ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်၊ ကိုယ်ကြိုက်တဲ့အစီအစဉ်လေးတွေကို အားတဲ့အချိန်မှာ ကြည့်လို့ရတာကိုး။ သီချင်းနားထောင်ချင်တယ်ဆိုလည်း YouTube ကပဲ နားထောင်မလား၊ Facebook ကပဲ နားထောင်မလား၊ အားသာချက်တွေပြောရမယ်ဆိုရင်တော့ အများအပြားပါပဲ။

အဲ့ဒီလို ရုပ်ရှင်တွေအများကြီကို အွန်လိုင်းက ကြည့်ချင်တယ်၊ ဒေါင်းလုတ်လုပ်ချင်တယ်၊ သီချင်းတွေကိုလည်း နားထောင်ရင်း စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ အတန်တကာ့ အတန်ဆုံး အင်တာနက်အစီအစဉ်လေးတစ်ခုရှိပါတယ်။ တစ်မိသားစုလုံး ပျော်ပျော်ပါးပါးနဲ့ အင်တာနက်အသုံးပြုလို့ရတဲ့ အစီအစဉ်လေးဆိုလည်း မမှားပါဘူး။ အဲ့ဒါကတော့ အူရီဒူး က အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Supernet Wireless အိမ်သုံးကြိုးမဲ့ အင်တာနက်ပါပဲ။ ဒီအင်တာနက်က စာဖတ်သူရဲ့အိမ်နဲ့ မိသားစုအတွက် အဆင်အပြေဆုံးဖြစ်မှာပါ။

အူရီဒူးရဲ့ အိမ်သုံးကြိုးမဲ့အင်တာနက်ရဲ့ အဓိကအားသာချက်ကဆိုရင် အွန်လိုင်းကနေ ရုပ်ရှင်အကြည်တွေ တိုက်ရိုက်ကြည့်မယ်၊ ဒေါင်းလုတ်လုပ်မယ်၊ဂိမ်းတွေကစားမယ်၊ Facebook သုံးမယ် စတာတွေကို စိတ်အေးချမ်းသာစွာနဲ့ မြန်နှုန်းမြင့်အင်တာနက်ကို အကန့်အသတ်မရှိသုံးစွဲနိုင်မှာပါ။ဒါတင်မကသေးဘဲ တပ်ဆင်ရတာလွယ်ကူပြီးတော့ အလွယ်တကူငွေပေးချေနိုင်မယ့် နေရာအများအပြားထားရှိခြင်းကြောင့် အဆင်ပြေလွယ်ကူကောင်းမွန်တဲ့ဝန်ဆောင်မှုကို ရရှိနိုင်ပါတယ်။ အူရီဒူး အိမ်သုံးကြိုးမဲ့အင်တာနက်စက်ရဲ့ ဈေးနှုန်းကဆိုရင် ၇၅၀၀၀ ကျပ်ဖြစ်ပြီး အမြန်နှုန်းကလည်း 5 Mbps ရရှိနိုင်ပါတယ်။ ဒါ့အပြင် ရက် ၉၀ လုံး ဒေတာကို အကန့်အသတ်မရှိသုံးစွဲနိုင်တာကြောင့် မိသားစုတိုင်းအတွက် အသင့်တော်ဆုံးဖြစ်တဲ့ Supernet Wireless အိမ်သုံး ကြိုးမဲ့ အင်တာနက်ကို ဒီနေ့ပဲ ပြေးဝယ်လိုက်ကြတော့နော်။