ဘာအရောင်ဝတ်မလဲ စဉ်းစားလိုက်ရင် အဖြူနဲ့အမည်းပဲတွေးမိနေပြီလား။ အဖြူနဲ့အမည်းဖက်ရှင်က စတိုင်ကျတော့ ပျိုမေတို့ တွေးမိတာလည်း မမှားပါဘူး။ အရောင်စပ်ဝတ်တာက အတော်ခေါင်းစားပြီး အလုပ်များတဲ့ကိစ္စပဲနော်။

အရောင်ပညာရှင်တွေက အရောင်စပ်တာဟာလည်း အနုပညာတစ်ခုပါပဲတဲ့။ ဖက်ရှင်ကျဖို့အတွက် အရောင်တွဲတတ်ဖို့လည်း လိုပါတယ်။ လှဖို့အတွက် အဝတ်အစားတွေ ဘယ်လောက်ထိဝယ်ဝယ် အရောင်မတွဲတတ်ရင် အလကားပါပဲ။

ဒီတော့ ကိုယ်နှစ်သက်တဲ့အရောင်နဲ့ ဘယ်လိုအရောင်တွေတွဲဝတ်လို့ရမလဲ။ လူတွေရဲ့ မျက်လုံးကို ဘယ်လိုအရောင်စပ်နည်းနဲ့ လှည့်စားနိုင်လဲ။ အရောင်စပ်နည်းဝတ်ဆင်ပုံကို ပျိုမေတို့အတွက် တင်ပြလိုက်ပါတယ်။ ဒီပုံတွေက အသုံးဝင်တာမို့ ပျိုမေတို့သိမ်းထားဖို့ မမေ့ပါနဲ့နော်။

ပန်းရောင်ဘက်သွားတဲ့အရောင်တွေ

အနီဘက်သွားတဲ့အရောင်တွေ

တွဲစပ်အရောင်တွေ

အရောင်နုလေးတွေ

စိမ်းပြာဘက်သွားတဲ့အရောင်တွေ

ကိုယ်ကြိုက်နှစ်သက်တဲ့အရောင်နဲ့လိုက်ဖက်တဲ့ အရောင်ကို ရှာဝတ်လိုက်တော့နော်။

Photo source: Pinterest