တချို့တွေ မိတ်ကပ်လိမ်းထားရင်တောင်မှ လိမ်းထားတယ်လို့မထင်ရအောင်ကို အရမ်းလှနေတာနော်။ တချို့တွေကျတော့လည်း မိတ်ကပ်တွေ ထူပျစ်ပျစ်ဖြစ်နေလို့ ကြည့်ရရုပ်ဆိုးနေကြတယ်။ အဲဒါကြောင့် မိတ်ကပ်လိမ်းတဲ့အခါ ပါးပါးလေးပဲလိမ်းထားတယ်လို့ ထင်ရအောင် သတိထားရမယ့်အချက်တွေကို မျှဝေပေးချင်ပါတယ်။

၁။ Contouring နဲ့ Highlighting အတွက် Bronzer ကိုသုံးပါ

မျက်နှာအရွယ်အစားကို ပိုပြီးသေးသယောင်ထင်ရစေဖို့အတွက် Contouring နဲ့ Highlighting ကို နည်းမှန်လမ်းမှန်နဲ့ အသုံးပြုဖို့လိုပါတယ်။ အဲဒီအတွက် Bronzer ကို သုံးပေးနိုင်ပါတယ်။

၂။ နှာခေါင်းအပေါ်ကို Highlight လုပ်ပေးပါ

Highlight လုပ်တယ်ဆိုတာကတော့ နည်းနည်းပြောင်ပြောင်လေးဖြစ်သွားအောင်လုပ်ပေးတာကိုပြောတာပါ။နှာသီးလေးနဲ့ နှာစင်းလေးမှာ Highlight လေးတွေကိုထည့်ပေးပါ။ ဘေးနှစ်ဖက်ကိုတော့ Concealer လေးနဲ့ လုပ်ပေးလို့ရပါတယ်။

၃။ မေးရိုးတွေကို ပုံဖော်ပါ

မေးရိုးလေးတွေဟာ သင့်မျက်နှာပေါ်က ဆွဲဆောင်မှုရှိတဲ့အရာတစ်ခုပါပဲ။ မေးရိုးတွေကို ပုံဖော်ပေးပါ။ သင့်မျက်နှာ သွယ်သွယ်လေးဖြစ်နေတယ်လို့ထင်ရဖို့ မေးရိုးနားမှာ အနက်ရောင်ဖောင်ဒေးရှင်းထည့်ပေးနိုင်ပါတယ်။

၄။ ပါးရိုးကို Highlight လုပ်ပေးပါ

မျက်နှာကို သေးသေးသွယ်သွယ်လေးလို့ ထင်ရစေအောင် မိတ်ကပ် ဘယ်လိုလိမ်းမလဲ

ပါးပေါ်မှာ ပါးနီလိမ်းပေးပြီးရင် ပြောင်ပောင်လေးဖြစ်သွားအောင် Highlight လုပ်ပေးပါ။ အဲဒီလိုဆိုရင် ပါးလေးက ပြောင်ပြောင်တင်းတင်းလေးဖြစ်နေပြီး သင့်ကိုပိုဆွဲဆောင်မှုရှိစေမှာပါ။

၅။ မျက်ခုံမွှေးကို သေချာဆွဲပါ

မျက်ခုံးမွှေးကို အရမ်းလည်းမထူ မပါအောင်ဆွဲပါ။ မျက်ခုံးမွှေးဟာလည်း အရေးကြီးဆုံး လုပ်ဆောင်ရမယ့်အရာတစ်ခုထဲမှာပါပါတယ်နော်။ မျက်ခုံးမွှေးကို သေချာဆွဲပေးပါ။ အကောင်းဆုံးက မျက်ခုံးမွှေးပုံဖော်ထားတာအကောင်းဆုံးပါပဲ။

၆။ နှုတ်ခမ်းကို ပြည့်ပြည့်ဖူးဖူးလေးဖြစ်အောင် ဆိုးပါ

နှုတ်ခမ်းနီဆိုးတဲ့နေရာမှာ ပိုပြီးပြည့်ပြည့်ဖူးဖူးလေးလို့ထင်ရအောင်ဆိုးပေးပါ။ နှုတ်ခမ်းအတွင်းဖက်မှာ အနီရင့်ရင့်နဲ့ အပြင်ဖက်မှာ နည်းနည်းဖျော့ဖျော့လေး ဆိုးပေးနိုင်သလို အခုပုံမှာပြထားသလို ဆိုးပေးလို့လည်းရပါတယ်။

၇။ နားထင်ကိုလည်း Highlight လုပ်ပေးပါ

သင့်မျက်နှာကို သွယ်သွယ်လေးထင်ရစေဖို့အတွက် နားထင်ကိုလည်း Highlight လုပ်ပေးသင့်ပါတယ်။