ဖြောင့်စင်းတဲ့နှာတံ၊ ဝိုင်းစက်တဲ့ မျက်လုံး၊ ဇင်ယောက်တောင်ပံ မျက်ခုံးမွှေး၊ ချွန်ထက်တဲ့ မေးစေ့၊ သွယ်လျတဲ့မျက်နှာကို ပိုင်ဆိုင်ထားတဲ့သူကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားတစ်ယောက်ပါပဲ။ အခုခေတ်မှာတော့ V-shape ပုံစံမျက်နှာလေးကလည်း ခေတ်စားလာပြန်တော့ ခွဲစိတ်ပြုပြင်လာကြတော့တာပေါ့။

ခွဲစိတ်ပြီး လှသထက်လှလာအောင် ပြုလုပ်လို့လည်းရသလို ခွဲစိတ်ရမှာကြောက်တယ်ဆိုတဲ့ ပျိုမေလေးတွေကတော့ မိတ်ကပ်အသုံးပြုပြီးပဲ မျက်နှာကိုသေးသွယ်အောင် ပြင်ဆင်ခြယ်သလိုက်ရအောင်နော်။

Bronzer အသုံးပြုပြီး ပါးရိုးချမယ်၊ နှာတံဖော်မယ်

အရင်ဦးဆုံး Concealer ကို အသုံးပြုပါ။ ပြီးမှ မေးရိုးချဖို့၊ နှာဖူးသေးသွားအောင် လုပ်ဖို့ နှာခေါင်းချွန်ချွန်လေးဖြစ်ဖို့ Bronzer အသုံးပြုပြီး လိမ်းခြယ်ပေးပါ။

နှာတံဖော်ဖို့အတွက်

နှာခေါင်းဘေးကိုတော့ Contour နဲ့ လိုင်းလေးဖော်လိုက်ပါ။ နှာတံပေါ်မှာတော့ Highlighter အသုံးပြုပေးရပါမယ်။ ပြီးမှ မိတ်ကပ်တွေကို ပျံ့သွားအောင် ပွတ်လိုက်ပါ။ ဒါဆိုရင်တော့ သေးသွယ်တဲ့နှာခေါင်းလေးပိုင်ဆိုင်နိုင်ပါတယ်။

မေးရိုးဖော်ဖို့အတွက်

ချွန်ထက်တဲ့မေးရိုးကတော့ ဆွဲဆောင်မှုအရှိဆုံးဖြစ်တာကြောင့် အရောင်ရင့်ရင့် ဖောင်ဒေးရှင်းအသုံးပြုပြီး မေးရိုးချွန်ချွန်လေးဖြစ်အောင် လိမ်းခြယ်ပါ။

ပါးရိုးချဖို့အတွက်

အညိုရောင်ပဲအသုံးပြုပြီး လိမ်းခြယ်မယ်ဆို သင့်မျက်နှာတစ်ခုလုံး အညိုရောင်တွေပဲဖုံးပြီး ကြည့်ရဆိုးပါလိမ့်မယ်။ မျက်လုံးနဲ့အနီးဆုံးနေရာကိုတော့ Highlighter သုံးမယ်၊ ပြီးရင် အလယ်ကိုတော့ ပန်းရောင်ဘက်သွားတဲ့ အရောင်သုံးမယ်၊ နောက်ဆုံးကျမှ အညိုရောင်နဲ့ Contour ချလိုက်ပါ။

မျက်ခုံးမွှေးပုံဖော်ဖို့အတွက်

မျက်နှာတစ်ခုလုံးမှာ အရေးအကြီးဆုံးက မျက်ခုံးမွှေးကို သေသေသပ်သပ်လိမ်းခြယ်တတ်ဖို့ပါပဲ။ မျက်ခုံးမွှေးဖော်မယ်ဆို အရင်ဆုံး မိမိမျက်နှာနဲ့လိုက်ဖက်မယ့် မျက်ခုံးကို ခဲတံနဲ့အရင်ပုံဖော်ပါ။ ပြီးမှ အတွင်းထဲကို ညီညီညာညာလေးဖြစ်အောင် လိုက်ဖြည့်ရပါမယ်။

နှုတ်ခမ်းနီဆိုးမယ်

နှုတ်ခမ်းပြည့်ပြည့်ဖူးဖူးလေးဖြစ်ဖို့အတွက်ဆိုရင် နှုတ်ခမ်းနီတစ်ခုတည်းအသုံးပြုရုံနဲ့ မလုံလောက်ပါဘူး။ Lip Liner နဲ့ နှုတ်ခမ်းသားကိုအရင်ပုံဖော်ပါ။ အတွင်းဘက်ကို နှုတ်ခမ်းနီဆိုးပြီး နှုတ်ခမ်းအလယ်ဗဟိုကိုတော့ အရောင်တောက်တောက်အိုင်းရှဲဒိုးနဲ့ လိမ်းခြယ်ပေးပါ။

နဖူးကိုလည်း Highlighter အသုံးပြုပြီး လိမ်းခြယ်ပေးဖို့ မမေ့ပါနဲ့

Source: www.howtoxp.com