အားလုံးပဲမင်္ဂလာပါနော်။ ကျွန်မတို့ရဲ့ သွားတွေ အရောင်မွဲလာတာ၊ ဖြူဖွေးတောက်ပြောင်မှုမရှိတော့တာ၊ သွားမှာ အဖြူရောင် အစက်လေးတွေဖြစ်စေတာ စတဲ့ သွားပြဿနာတွေ ဖြစ်စေတဲ့ အကြောင်းရင်းတွေ များစွာရှိပါတယ်။

တချို့အစားအစာတွေက သွားလေးတွေရဲ့ အပြင်ဖက်ဆုံးအလွှာဖြစ်တဲ့ သွားကြွေလွှာတွေကို စွန်းထင်းစေပါတယ်။ ဒါ့အပြင် သွားဂျိုး(ချေး) တွေဖြစ်စေပြီး သင့်သွားကို ဝါကျင်ကျင်ဖြစ်စေသလို ခံတွင်းနံ့လည်း ဆိုးစေပါတယ်။

ဒီတခါမှာတော့ လန်းဆန်းတဲ့ ခံတွင်းရနံ့နဲ့ ဖြူဖွေးသန့်ရှင်းတဲ့သွားလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်း (၆) သွယ်ကို မျှဝေပေးသွားမှာပါ။

၁. တစ်နေ့ (၂) ကြိမ်သွားတိုက်ပါ

ခံတွင်းရနံ့ ဆိုးတာကို တိုက်ဖျက်နိုင်မယ့် အရိုးရှင်းဆုံး နဲ့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာပါပဲ။ သင့်ရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရေးအတွက် တစ်နေ့ သွား (၂) ကြိမ်တိုက်ပါ။

၂. သွားကြားလေးတွေထဲကို သန့်ရှင်းရေးလုပ်ပါ

အစာစားပြီးတိုင်း သွားကြားညှပ်တာ သွားတွေကြားထဲမှာ အစားအစာတွေ ကပ်ညှိကျန်နေတာမျိုး ဘယ်သူမှ ဖြစ်ချင်ကြမှာမဟုတ်ပါဘူး။ ဒါဟာ ခံတွင်းရနံ့ ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် သွားကြားလေးတွေထဲကို ကြိုးစလေးနဲ့ သန့်ရှင်းရေးလုပ်ပေးတာဟာ သင့်ရဲ့ သွားချေးတွေဖယ်ရှားပေးသလို သွားဖုံးကို ကျန်းမာစေပါတယ်။

၃. လျှာဖျားကို သန့်ရှင်းပါ


သင့်ရဲ့ လျှာဖျားက ချောချောမွေ့မွေ့မရှိဘဲ အဖြူရောင်လို အဖတ်လေးတွေ ရှိနေတတ်ပါတယ်။ ဒါ့အပြင် ကိုယ်စားလိုက်တဲ့ အစားအစာတွေက လျှာဖျားလေးတွေမှာ ကပ်ကျန်ခဲ့တတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ သွားကို သွားပွတ်တံ (သို့) လျှာကို တိုက်ပေးတဲ့ ကိရိယာ (Tongue Scraper) နဲ့ တိုက်ပေးပါ။ ဒီလိုလုပ်ပေးတာဟာ သင့်ခံတွင်းကို သန့်ရှင်းစေပြီး ခံတွင်းရနံ့ လန်းဆန်းစေပါတယ်။

၎. ဆားသုံးပါ

ဆားဟာ ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေနည်းနည်းရောပြီး ပါးစပ်ထဲ မိနစ်အနည်းငယ်လောက်ငုံကာ ပလုတ်ကျဉ်းပေးလိုက်ပါ။ ပြီးရင် ရေသန့်နဲ့ တခါ ပလုတ်ထပ်ကျင်းပါ။ ဆားပါတဲ့ သွားတိုက်ဆေးကိုလည်း သုံးနိုင်ပါတယ်။

၅.  အသီးအရွက် များများစားပါ


သင်စားမယ့် အစားအစာထဲမှာ အသီးအရွက် များများထည့်စားပါ။ အသီးအရွက်တွေဟာ သင့်ခန္ဓာကိုယ်အတွက်ရော သွားကျန်းမာရေးအတွက်ပါကောင်းမွန်ပါတယ်။ အစိမ်းရောင် အသီးအရွက်တွေက Alkaline ပါဝင်မှုများပြီး ခံတွင်းရနံ့ ဆိုးတာကို တိုက်ဖျက်ပေးမှာဖြစ်ပါတယ်။ ပန်းသီး၊ နံနံပင်၊ မုန်လာဥနီ စတဲ့ အသီးအရွက်တွေကို အစိမ်းလိုက် ဝါးပေးတာဟာလည်း သွားချေးတွေကို သန့်စင်ဖယ်ရှားပေးနိုင်ပါတယ်။

၆. သဘာဝဆေးဖက်ဝင်သွားတိုက်ဆေးကိုသုံးပါ

သဘာဝ ဆေးဖက်ဝင်သွားတိုက်ဆေးဟာ သင့်ရဲ့ သွားကျန်းမာရေးအတွက်လည်းကောင်းမွန်သလို သွားတွေကိုဖြူဖွေးပြေီး ခံတွင်းရနံ့ လန်းဆန်းစေပါတယ်။ သဘာဝဆေးဖက်ဝင် သွားတိုက်ဆေးတွေမှာပါဝင်တဲ့ သဘာဝ ဆေးဖက်ဝင်အပင်တွေဟာ သင့်ရဲ့ သွားတွေကို သန့်စင်ရာမှာ ထိရောက်မှုရှိသလို၊ သွားတွေကို ဖြူဝင်းစေပြီး၊ ခံတွင်းရနံ့ကိုပါ လန်းဆန်းစေပါတယ်။

IODERM Bamboo Salt

IODERM Bamboo Salt သွားတိုက်ဆေးဟာ သွားကိုက်ခြင်းမှ ကာကွယ်ခြင်း၊ အထိမခံသောသွားတွေအတွက်ကောင်းမွန်ခြင်းနဲ့ ခံတွင်းရနှံ့ဆိုးကို ပျောက်ကင်းစေခြင်း စတဲ့ အကျိုးကျေးဇူးကို ရရှိစေမှာဖြစ်ပါတယ်။ IODERM နဲ့ ယုံကြည်မှုရှိရှိ ပြုံးလိုက်ပါ။