မျက်နှာလှလှလေးပေါ်ပေါက်နေတဲ့ အမွေးလေးတွေကြောင့် ရှိရင်းစွဲအလှကိုပါပျောက်ဆုံးစေပါတယ်။ မျက်နှာက နုနုလေးနဲ့ အမွေးကကြမ်းကြမ်းကြီးတွေနဲ့ဆို အဆင်မပြေပါဘူး။

အဲဒီမျက်နှာပေါ်ကအမွေးတွေက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေက အမွေးတွေလိုမျိုးလည်း ကြမ်းကြမ်းတမ်းတမ်းသွားလုပ်လို့မရပါဘူး။ ဆိုတော့ သဘာဝနည်းလမ်းလေးတွေနဲ့ပဲ ဘယ်လိုဖယ်ရှားနိုင်မလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ နနွင်း

Source: Alivebynature

နနွင်းမှုန့် (၁) ဇွန်း (သို့) (၂) ဇွန်းကို နို့နဲ့ရောပြီး အမွေးရှိတဲ့နေရာပေါ်မှာလိမ်းထားပေးပါ။ မိနစ်အနည်းငယ်လောက်ကြာရင်တော့ ရေနွေးလေးနဲ့ဆေးချလို့ရပါပြီ။ ဒီနည်းလမ်းလေးကိုတော့ တစ်လလောက်နေ့စဉ်၊ နေ့တိုင်း ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ သတိထားရမှာက နနွင်းမှုန့်တွေခြောက်ပြီး မျက်နှာပေါ်အဝါရောင်ပြောင်းလာတဲ့အထိ အကြာကြီးမတင်မိဖို့ပါပဲ။

၂။ ကြက်ဥ

Source: Way To Health

ကြက်ဥအကာ (၁) ဇွန်း၊ သကြား (၁) ဇွန်းနဲ့ ပြောင်းဖူးမှုန့် ဇွန်းတစ်ဝက်လောက်ကိုရောပြီး သမအောင်မွှေပေးပါ။ ပြီးရင်တော့အမွေးပေါက်တဲ့နေရာပေါ်ခဏလောက်တင်ထားပြီး ရေဆေးချလို့ရပါပြီ။ ရေဆေးချလို့ပြီးတာနဲ့ Moisturizer တစ်မျိုးမျိုးလိမ်းပေးဖို့မမေ့ပါနဲ့။ တစ်ပတ် (၁) ခါလောက်ပုံမှန်လုပ်ပေးရင် ရပါပြီ။

၃။ သင်္ဘောသီး

Source: hartlynmilkplan.site

ဖျော်စက်ထဲထည့်မွှေပြီးရလာတဲ့ သင်္ဘောသီးအနှစ် (၂) ဇွန်းထဲ နနွင်းမှုန့်ဇွန်းဝက်လောက်ရောပြီး အမွေးရှိတဲ့နေရာပေါ်တင်ပေးလိုက်ပါ။ ပြီးရင်တော့လက်လေးနဲ့ မိနစ်အနည်းငယ်လောက် ညင်ညင်သာသာပွတ်ပေးပါ။ ပွတ်ပြီးသွားရင်တော (၁၀) မိနစ်လောက်ဒီတိုင်းထားပြီး ရေအေးလေးနဲ့ဆေးချလိုက်ပါ။ တစ်ပတ် (၁) ကြိမ် (သို့) (၂) ကြိမ်လောက်တော့ ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

၎။ အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့် (၂) ဇွန်းနဲ့ ငှက်ပျောသီးမှည့် (၁) လုံးကိုရောပြီး အမွေးပေါက်တဲ့နေရာတွေပေါ်တင်ပေးလိုက်ပါ။ ပြီးရင်တော့ (၁၅) မိနစ်လောက် စက်ဝိုင်းပုံအတိုင်းပွတ်ပေးပါ။ ပွတ်ပေးပြီးရင်တော့ မိနစ်အနည်းငယ်လောက်ဒီတိုင်းထားပြီး ရေဆေးချလို့ရပါပြီ။ ရလဒ်ကောင်းကောင်းလိုချင်ရင်တော့ တစ်ပတ် (၂) ကြိမ် (သို့) (၃) ကြိမ်လောက် ပြုလုပ်ပေးပါ။

၅။ သံပရာသီး

သကြား (၂) ဇွန်း၊ သံပရာရည် (၂) ဇွန်းနဲ့ ရေနည်းနည်းရောပြီး အပူပေးလိုက်ပါ။ ပြီးရင်တော့ ပြန်အအေးခံလိုက်ပါ။ အအေးခံထားတဲ့အရည်ကိုမှ အမွေးရှိတဲ့နေရာပေါ် (၁၀) မိနစ် (သို့) (၁၅) မိနစ်လောက်တင်ထားပြီး ရေအေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ် (၂) ကြိမ်လောက်တော့ ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

Featured image source: hartlynmilkplan.site