ဖျော့တော့တဲ့ နှုတ်ခမ်းနဲ့ စကားပြောတဲ့သူကို ဘယ်သူမှ ကြာကြာကြည့်ပြီး နားမထောင်နိုင်ပါဘူးတဲ့။ဒါ့အပြင် ဖျော့တော့တဲ့ နှုတ်ခမ်းသားက သင့်ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုကို လျော့နည်းစေပါတယ်။ သင့်နှုတ်ခမ်းလေးစိုပြေပြီး လှပနေတဲ့အချိန် စကားပြောရပိုကောင်းတာကို သင်ကြုံဖူးမှာပါ။

ရာသီဥတုအပြောင်းအလဲတွေကြောင့် ကျန်းမာပြီး ပြေပြစ်တဲ့ နှုတ်ခမ်းသားကို ရဖို့ခဲယဉ်းလှပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ နှုတ်ခမ်းနီအဆီတစ်မျိုးကို ဆောင်ထားသင့်ပါတယ်။

ဒါ့အပြင် သဘာဝပစ္စည်းတွေနဲ့လည်း သင့်ရဲ့ ခြောက်သွေ့ဖျော့တော့တဲ့နှုတ်ခမ်းကို ကုသနိုင်ပါတယ်။ ဒီလိုဆို နှုတ်ခမ်းနီပျက်သွားလည်း ကျန်းမာတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ထားတာမို့ စိုးရိမ်စရာမရှိတော့ပါဘူး။

ဒါကြောင့် အလုပ်များလှတဲ့ ပျိုမေတွေအတွက် ပန်းရောင်သန်းပြီး ကျန်းမာတဲ့နှုတ်ခမ်းမျိုး ညတွင်းချင်း ပိုင်ဆိုင်နိုင်မယ့် သဘာဝနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရှားစောင်းလက်ပတ်ဂျယ်

ရှားစောင်းလက်ပတ်ဂျယ်ကို ညအိပ်ယာဝင်တဲ့အချိန် လိမ်းပေးပါ။ မနက်ရောက်ရင်တော့ တစ်ရှူးဒါမှမဟုတ် ဂွမ်းစနဲ့ သုတ်လိုက်ပါ။ ဒီလိုလုပ်ပေးတာက နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နူးညံ့စေပါတယ်။

၂။ သကြား Scrub

Source: Pinterest

အလှကုန်ဆိုင်တွေမှာ နှုတ်ခမ်း Scrub တွေကို မြင်ဖူးမှာပါ။ သကြား Scrub က အလှကုန်ဆိုင်က Scrub လိုပဲ ထိရောက်မှုရှိပါတယ်။ သကြားအနည်းငယ် ပျားရည်အနည်းငယ်နဲ့ သံလွင်ဆီတို့ ရောပေးပါ။ ဒါကို နှုတ်ခမ်း Scrub အနေနဲ့ အသုံးပြုနိုင်ပါပြီ။

၃။ အုန်းဆီ

Source: Inat.com

အုန်းဆီက သင့်နှုတ်ခမ်းကို နူးညံ့ပြီး တောက်ပစေပါတယ်။ သင့်နှုတ်ခမ်းက ကွဲအက်ခြောက်သွေ့တယ်ဆိုရင် အိပ်ရာမဝင်ခင် နှုတ်ခမ်းပေါ်ကို အုန်းဆီလိမ်းပေးပါ။

၄။ နနွင်းမှုန့်

Source: EvesCafe

Milk Cream နဲ့ နနွင်းမှုန့်ကို ရောပြီး နှုတ်ခမ်းပေါ်လိမ်းပေးပါ။ ဒီနည်းက နှုတ်ခမ်းမည်းတာကို သက်သာစေပါတယ်။ ၁၀မိနစ်ကနေ ၁၅ မိနစ် ဒါမှမဟုတ် တစ်ညလုံးထားနိုင်ပါတယ်။ တစ်ပတ်မှာနှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။ ပုံမှန်သုံးပေးရင် နှုတ်ခမ်းလေး ပန်းရောင်သန်းလာမှာ မုချပါပဲနော်။

၅။ သံပယိုရည်နဲ့ ပျားရည်

Source: Pinterest

နှုတ်ခမ်းမည်းတာအတွက် သံပယိုရည်နဲ့ ပျားရယ်ကို နှုတ်ခမ်းပေါ်မှာ ၁၅-၂၀ မိနစ် ဒါမှမဟုတ် တစ်ညလုံးထားပေးပါ။ မနက်နိုးတာနဲ့ ဆေးချလိုက်ပါ။

နူးညံ့ပြီး ပန်းရောင်သန်းတဲ့ အလှဆုံး နှုတ်ခမ်းတစ်စုံကို ပျိုမေတိုင်း ပိုင်ဆိုင်နိုင်ကြပါစေနော်။