Salad လို့ပြောလိုက်ရင် အများကသတ်မှတ်ကြတာက ချို ၊ ချဉ် ၊ ငန် ၊ စပ်  အရသာတွေပါဝင်တဲ့မြန်မာလက်သုတ်မျိုးပါ။ သို့ပေမယ့် ကိုယ်အလေးချိန်ကျဆင်းဖို့ Diet Plan မှာထည့်သွင်းစားသင့်တဲ့ Salad က အဲ့လို အသုတ်မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် Clean & Healthy အစားအစာ တစ်ခုပါပဲ။  အနောက်တိုင်းသားတွေကတော့ မြန်မာတွေ တို့စရာ စားသလို နေ့လည်စာ၊ ညစာ တွေတိုင်း Side Dish အနေနဲ့လဲ Main Course Meal နဲ့တွဲ စားကြပါတယ်။ တကယ်တော့ Salad ဟာ အသီးအရွက်အစိမ်းတွေနဲ့ အခြားသော Vege တွေနဲ့ Dressing ဆန်းကာ ပြင်ဆင်စားသောက်ခြင်းပါ။

ဒီလို စားပေးခြင်းဟာ ကျန်းမာရေးနဲ့ အတော်ညီညွှတ်တယ်လို့ ဆိုရပါမယ်။ ပိုးသတ်ဆေးတွေကိုတော့ နည်းနည်းသတိပြုပြီး Organic ရောင်းတဲ့နေရာတွေကနေ အသီးအရွက်တွေကို ဝယ်ယူရင်တော့ပိုကောင်းပါတယ်။ Salad စားခြင်းကြောင့် ရနိုင်မယ့် အကျိုးကျေးဇူးတွေကိုတော့ အစာရှောင်ပြီး ကိုယ်အလေးချိန်လျှော့ကျချင်သူများအတွက် ဝေမျှပေးလိုက်ပါတယ်။

ဟင်းသီး ဟင်းရွက်တွေဖြစ်တာမို့ ကယ်လိုပါဝင်မှုနည်းပါးစေပြီး Detox လုပ်သလို ကိုယ်ခန္ဓာထဲက အဆိပ်တွေကို လျော့ချပေးပါတယ်။ အစိမ်းရောင် အသီးအရွက်တွေမှာ ပါဝင်သော ဓာတ်ဟာ ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေသော ပိုးမွှားမျိုးစုံကို ကာကယ်ပေးနိုင်ပြီး ကင်ဆာနဲ့ နှလုံးရောဂါ တွေဖြစ်ပွားစေမှု ရာခိုင်နှုန်းနည်းပါတယ်။

များများနဲ့ ပုံမှန်စားပေးပါက အသားအရည်ကို ကြည်လင်စေပြီး နေလောင်ခြင်း၊ အမည်းစက်တွေ ဖြစ်ပွားစေခြင်းတို့ကနေ ကာကွယ်နိုင်ပါတယ်။ အသီးအရွက်ဟာ Fiber အမျှင်ဓာတ် ပါဝင်မှု များတဲ့ အတွက် Digestion အတွက်ကောင်းမွန်ကာ  အစာကြေလွယ်ပြီး ၀မ်းကို မှန်စေနိုင်ပါတယ်။

ဝိတ်ကျချင်တယ်ဆို Salad စားပေးခြင်းက အခြား အဆီတွေများတဲ့ အစားအစာတွေကို စားချင်စိတ် မဖြစ်စေရအောင်လည်း ကူညီပေးပါလိမ့်မယ်။ ကဲ ဒီလောက် ကျန်းမာရေးအတွက် ညီညွတ်မယ်ဆို မဖြစ်မနေစားသင့်ပြီပေါ့။

Source: delish.com