Beauty & Fashion | မိတ်ကပ် – Make Up | အလှအပ – Beauty

မိတ်ကပ်ပါးပါးလေးနဲ့ သဘာဝကျအောင် ဘယ်လိုလိမ်းမလဲ

October 11, 2018

မိတ်ကပ်ပါးပါးလေးနဲ့ သဘာဝကျအောင် ဘယ်လိုလိမ်းမလဲ

Share this on:

အားလုံးပဲမင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့အခါ ပါးပါးလေးနဲ့ သဘာဝကျကျလေး လှနေစေဖို့ ဘယ်လိုလိမ်းရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ အရင်ဆုံး အသားအရေထိန်းသိမ်းဖို့အတွက် တိုနာနဲ့ Moisturizer လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ Sunscreen လိမ်းပေးလိုက်ပါ။ ဒါတွေပြီးသွားမှ Primer လိမ်းပေးလိုက်ပါ။

ပြီးရင်တော့ ဖောင်ဒေးရှင်းလိမ်းပေးရမှာဖြစ်ပါတယ်။

မျက်ကွင်းညိုနေတာ၊အမာရွတ်တွေ၊ အမည်းစက်တွေကိုဖုံးချင်ရင်တော့ Concealer လိမ်းပေးရမှာဖြစ်ပါတယ်။

ပြီးရင်တော့ ပေါင်ဒါနဲ့ လိမ်းပေးလိုက်ပါ။

၂။ ပြီးရင်တော့ သင့်ရဲ့ ပါးပြင်ကို Highlighter လိမ်းပေးလိုက်ပါ။ ပါးရိုးအောက်နားကို Contoure လိမ်းပေးပြီးပါးနီပါးပါးဆိုးပေးပါ။

၃။ မျက်လုံးမှာ အသားရောင်ထက် သိပ်မရင့်တဲ့ Eyeshadow ပါးပါးလိမ်းပေးလိုက်ပါ။ ပြီး၇င်တော့ သေချာလေး Blend လုပ်ပေးလိုက်ပြီး Eyeliner လိမ်းပေးလိုက်ပါ။

အဲဒီနောက် Mascara ကော့ပေးလိုက်ပါ။

၎။ ဒါတွေပြီးသွားရင်တော့ နှုတ်ခမ်းနီကို ပန်းနုရောင်လေး ဆိုးပေးလိုက်ပါ။

Source: www.stylecraze.com

By: MyStyle Myanmar

Review

User Rating

2.8 (9 Votes)
error: Alert: Copyright © 2018. MyStyle Myanmar