အားလုံးပဲ မင်္ဂလာပါ။ အခုတစ်ခေါက်ပြောပြာပေးချင်တာကတော့ ကိုယ်အလေးချိန်လျော့ချချင်တဲ့ ပျိုမေလေးတွေအတွက်ပါ။ ပျိုမေလေးတွေထဲမှာ ထောပတ်သီးဘယ်သူတွေ ကြိုက်ကြလဲ။ ကိုယ်ကထောပတ်သီးကလည်းကြိုက် သူငယ်ချင်းတွေက ထောပတ်သီးက ဝိတ်တတ်တယ်လို့ ပြောကြတော့ မစားရဲနဲ့ စိတ်ညစ်နေသလား။ အမှန်တကယ်တော့ ထောပတ်သီးစားရင် ဝိတ်တက်တယ်ဆိုတာ မဟုတ်ပါဘူး။ ထောပတ်သီးက ဝိတ်မတက်စေတဲ့အပြင် ဝိတ်ကျအောင်လည်း ကူညီပေးသေးတယ်နော်။ စိတ်ဝင်စားသွားပြီဆိုရင်တော့ ဆက်ဖတ်ကြည့်ရအောင်နော်။

Photo Source: freshmadisonmarket.com

ထောပတ်သီးက ကိုယ်အလေးချိန်ကျအောင် ဘယ်လိုကူညီပေးလဲ

Photo Source: www.oliviascuisine.com

ထောပတ်သီးမှာ ကယ်လိုရီပမာဏများပေမဲ့လည်း အခြားမုန့်ပဲသရေစာတွေ စားမဲ့အစား ထောပတ်သီးကို စားပေးခြင်းက မိမိရဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပြီး ရောင့်ရဲတင်းတိမ်မှုရှိစေပါတယ်။ ထောပတ်သီးမှာ Vitamin E ၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ် နဲ့ ဖက်တီးအက်စစ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ ထောပတ်သီး တစ်ခြမ်းမှာ ( ၁၈၂ ) ကယ်လိုရီပါဝင်တဲ့ အတွက်ကြောင့် အများကြီးစားလိုက်မိရင်တော့ ကိုယ်အလေးချိန်မကျဘဲ တက်သွားနိုင်တယ်နော်။ ဒါကြောင့်မို့ တစ်နေ့နည်းနည်းစီနဲ့ ပုံမှန်စားပေးရမှာပါ။

ထောပတ်သီးက ဝိတ်ကျတယ်ဆိုတာကို ဘယ်လိုစမ်းသပ်ခဲ့ကြလဲ

Photo Source: www.simplyscratch.com

သုတေသနပညာရှင်တွေက ထောပတ်သီးဟာ ဝိတ်တက်စေတယ်ဆိုတဲ့ အယူအဆမှားတယ်ဆိုတာကို သက်သေပြဖို့အတွက် ကိုယ်အလေးချိန်လွန်ကဲသူ ၆၁ ယောက်ကို နှစ်ဖွဲ့ခွဲစေပြီး စမ်းသပ်ခဲ့ပါတယ်။ ပထမအုပ်စုကို ထောပတ်သီးကိုမစားစေဘဲ ကယ်လိုရီပမာဏသတ်မှတ်ထားသောအစားအစာတွေကိုသာ စားသုံးစေခဲ့တယ်။ ဒုတိယအုပ်စုကိုတော့ ကယ်လိုရီပမာဏသတ်မှတ်ထားတဲ့ အစာအပြင် ထောပတ်သီး (၂၀၀) ဂရမ်ကို စားသုံးခိုင်းတယ်။ ရက်သတ္တပတ် ၆ ပတ် ကြာမြင့်တဲ့အခါမှာတော့ ထောပတ်သီးစားတဲ့အဖွဲ့က သိသိသာသာကိုယ်အလေးချိန်ကျသွားတာကို တွေ့မြင်ခဲ့ရပါတယ်။

မကျေနပ်လို့ နောက်တစ်မျိုးထပ်စမ်းသပ်ကြတယ်

Photo Source: www.vegetariantimes.com

ဒီတစ်ခါကျတော့ ပထမအဖွဲ့ကိုနေ့ခင်းစာ စားပြီးတဲ့အချိန်တိုင်း ထောပတ်သီး တစ်ဝက်စားသုံးခိုင်းခဲ့တယ်။ အခြားတစ်ဖွဲ့ကိုတော့ မစားခိုင်းဘူး။ ဘာကိုလေ့လာတွေ့ရှိခဲ့လဲဆိုတော့ ထောပတ်သီးစားသုံးသူတွေက နောက်ထပ်အစားစားချင်စိတ်မရှိတော့ဘဲ တင်းတိမ်ရောင့်ရဲသွားကြတာကို တွေ့ခဲ့ရတယ်။ ဒါ့ကြောင့် ထောပတ်သီးက ကိုယ်အလေးချိန် ထိန်းညှိချင်သူတွေအတွက် အရမ်းအသုံးဝင်တာကို တွေ့ရမှာပါ။

ထောပတ်သီးနဲ့ ဘယ်လိုနည်းမှန် လမ်းမှန် ဝိတ်ချမလဲ။

Photo Source: www.today.com

စောစောကပြောခဲ့သလိုပဲ ထောပတ်သီးကို အများကြီးလည်း မစားရဘူးနော်။ သိသိသာသာဝိတ်ကျချင်တယ်ဆိုရင်တော့ မုန့်ပဲသရေစာတွေ၊ သကြားများတဲ့ အချိုရည်တွေ သောက်မဲ့အစား ထောပတ်သီးနဲ့ အစားထိုးပေးပါ။ ဒီအတိုင်းမစားဘဲ စားချင်စဖွယ်ဖြစ်အောင်လည်း လုပ်စားလို့ရသေးတယ်နော်။ ကြက်ဥမွှေကြော်ကို ထောပတ်သီးရယ် ဟင်းနုနွယ်ရယ် ဆော်လမွန်ငါး (သို့) တူနာငါးနဲ့ ကြော်စားလိုက်မယ်ဆို အရသာရှိတဲ့ မနက်စာလေးကို သုံးဆောင်နိုင်မှာပါ။

Photo Source: www.rippedrecipes.com

နောက်တစ်ခေါက်ကျမှ ဆော်လမွန်ငါး၊ ထောပတ်သီး၊ ဟင်းနုနွယ်၊ ကြက်ဥမွှေကြော်ဘယ်လိုလုပ်ရမလဲ ပြောပြပေးမယ်နော်။ အခုလောလောဆယ်တော့ အစားစားချင်စိတ်ကို ထောပတ်သီးနဲ့ ထိန်းချုပ်လိုက်ကြပါစို့။

Source: www.leaf.tv