ကျန်းမာရေး – Health | အသားအရေ – Skincare

ရင်သားကင်ဆာကို ကာကွယ်ဖို့ အရေပြားနဲ့ ချိုင်းကြားက အဆိပ်အတောက်တွေ ဖယ်ရှားနိုင်မယ့် နည်းလမ်း

October 9, 2017

ရင်သားကင်ဆာကို ကာကွယ်ဖို့ အရေပြားနဲ့ ချိုင်းကြားက အဆိပ်အတောက်တွေ ဖယ်ရှားနိုင်မယ့် နည်းလမ်း

Share this on:

ရင်သား ကင်ဆာက အသက် ၃၅ နှစ်ကနေ ၅၄ နှစ်ကြား အမျိုးသမီးတွေမှာ အဖြစ်အများအဆုံး ကင်ဆာရောဂါဖြစ်နေပါတယ်။

ဘာကြောင့် အရေပြားနဲ့ ချိင်းကြားထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့လိုအပ်ပါသလဲ။ အဲ့ဒါက ရင်သားကင်ဆာနဲ့ဘယ်လို ဆက်စပ်နေပါသလဲ။

အလူမီနီယံနဲ့ ရင်သား ကင်ဆာ

အရေပြားက ခန္ဓာကိုယ်မှာ အကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ လိုအပ်တဲ့ အာဟာရဓာတ်တွေကို အရေပြားကနေတစ်ဆင့် စုပ်ယူပါတယ်။

ဒါပေမယ့် သင့် အရေပြားက အမြဲတမ်း မိတ်ကပ်တွေ၊ Cream တွေနဲ့ တခြား အလှကုန်ပစ္စည်းတွေကို လိမ်းခြယ်ထားပါတယ်။

ဒီလိုလိမ်းတာက ဘာမှမဖြစ်ဘူးလို့ထင်ပေမယ့် ကိုယ့်အလှကုန်ပစ္စည်းတွေက ဘာတွေနဲ့ လုပ်ထားသလဲဆိုတာ သိရင်တော့ ခြောက်ခြားမိမှာပါ။

အလှကုန်ပစ္စည်းတွေထဲမှာ အလူမီနီယံဓာတ်၊ Propylene Glycol၊ Parabens၊ Formaldehyde၊ Phthalates နဲ့ Antibacterial Substances တွေပါတတ်ပါတယ်။

Aluminum ဓာတ်က ရင်သားကင်ဆာနဲ့ အယ်ဇိုင်းမားရောဂါကို ဖြစ်စေနိုင်ပါတယ်။

Propylene Glycol နဲ့ Parabens က ဟော်မှုန်းတွေကို အနှောင့်အယှက်ဖြစ်စေပြီး Formaldehyde ကလည်း ကင်ဆာတွေဖြစ်စေတဲ့ ပစ္စည်းတွေ ထွက်နိုင်ပါတယ်။ Phthalates ကလည်း ဟော်မှုန်းတွေ ကမောက်ကမဖြစ်စေပြီး Antibacterial Substances ကလည်း ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။

ဘယ်လိုဖယ်ရှားမလဲ

ရေသောက်ပါ

ရေကတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ရေဓာတ်ပြည့်ဝအောင် ကူညီပေးပါတယ်။ ရေများများသောက်ရင် Aluminum ဓာတ်ကို ဖယ်ရှားပေးနိုင်ပါတယ်။ဒ

Sauna သွားပါ

ချွေးကလည်း ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ကိုယ်ခံအားကိုလည်း တက်စေပါတယ်။

ကိုယ့် အလှကုန်ပစ္စည်းတွေရဲ့ ပါဝင်မှုတွေကို ကြည့်ပါ

ကိုယ့်အလှကုန်ပစ္စည်းတွေမှာ Aluminum ဓာတ်နဲ့ တခြား အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ ပါဝင်မှုရှိမရှိကို စစ်ဆေးပါ။ အကယ်၍ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်မှုများနေရင် သုံးနေကျ အလှကုန်ပစ္စည်းကို ပြောင်းပါ။

Review

User Rating

4 (2 Votes)