အားလုံးပဲမင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့အခါ Contouring လုပ်တာအရေးပါလှပါတယ်။ မျက်နှာလင်းတဲ့နေရာမှာ လင်းနေဖို့ ညိုသင့်တဲ့နေရာမှာ ညိုနေဖို့ သင့်မျက်နှာအချိုးအစား ပိုပြီး ပေါ်လွင်လှပစေဖို့ Contouring လုပ်ကြပါတယ်။

Contouring လုပ်ရာမှာ သင်အသုံးပြုမယ့်အရောင်၊ Highlight လုပ်မယ့်အရောင်နဲ့ သင်ရွေးချယ်မယ့် Brush အရွယ်အစားက အရေးပါလှပါတယ်။

အဆင့် ၁

Contouring စလုပ်မယ့်သူတစ်ယောက်အနေနဲ့ အရင်ဆုံး မျက်နှာကို Highlight အရင်လုပ်လိုက်ပါ။

Highlight အရောင်ကို သင့်အသားအရောင်ထက် နည်းနည်းပိုလင်းတာကိုရွေးချယ်ပါ။ နည်းနည်းပြောင်လက်လက် ရှိတဲ့အရောင်ကို ရွေးချယ်ပါ။

အဆင့် ၂

ပါးရိုးပေါ်အောင် Contour သုံးပါမယ်။ သင့်ရဲ့ ပါးရိုးအောက်နားမှာ Brush လေးနဲ့ ခပ်ပါးပါးလေးသင်ပေးလိုက်ပါ။ ပြီးရင် Brush နဲ့ပဲ ပါးရိုးဖက်ကို Blend လုပ်ပေးပါ။ အညိုကိုမှ နည်းနည်းလေး Warm ဖြစ်တဲ့အရောင်ကို ရွေးချယ်ပါ။

အဆင့် ၃

Contour ကို Blend လုပ်ပြီးတာနဲ့ သင့် မျက်ကွင်း နှုတ်ခမ်းအပေါ် နှာရိုး ပါးရိုးအောက် မျက်ခုံးမွှေးနားမှာလည်း သဘာဝအတိုင်း လင်းနေစေဖို့ Highlight လုပ်နိုင်ပါတယ်။ ပြီးရင် Blend လုပ်လိုက်ပါ။

ဒါကတော့ သင်ဘယ်နေရာမှာ ပါးနီဆိုးရမယ်။ ဘယ်နေရာမှာ Contouring လုပ်ရမယ်၊ ဘယ်နေရာမှာ Highlight လုပ်ရမယ်ဆိုတာကို ပြထားပါတယ်။

Source: www.bellatag.com