မျက်မှန်တပ်ဆင်ခြင်းက ဆန့်ကျင်ဘက်လိင်အပေါ် ၇၅ ရာခိုင်နှုန်းခန့် ဆွဲဆောင်နိုင်တယ်လို့ စစ်တမ်းကောက်ချက်အရ သိရှိရပါတယ်။ မျက်မှန်တပ်ခြင်းက စတိုင်ကျရုံတင်မကဘူး၊ ဖုန်မှုန့်နဲ့ အမှိုက်များ မျက်စိထဲမဝင်အောင် ကာကွယ်ပေးပါသေးတယ်။ စာဖတ်သူကရော အလှမျက်မှန်တပ်တဲ့သူတစ်ယောက်လား၊ ပါဝါမျက်မှန်တပ်တဲ့သူတစ်ယောက်လား။ အကယ်၍ ကိုယ်ဝယ်လိုက်တဲ့ မျက်မှန်က ကိုယ့်မျက်နှာပုံသဏ္ဍာန်နဲ့ လိုက်ဖက်ပါ့မလားလို့ စိုးရိမ်နေတယ်ဆိုရင်တော့ အခုဖော်ပြသွားမယ့် အကြောင်းအရာလေးကို ဆက်ဖတ်ပေးဖို့ လိုမယ်နော်။

၁။ မျက်နှာရှည်တဲ့သူ

နဖူးပြင်အကျယ်၊ ပါးရိုးနဲ့ မေးရိုးအကျယ်က အတူတူပဲဆိုရင်တော့ ကြီးပြီးကျယ်တဲ့ မျက်မှန်ဘောင်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

၂။ အသည်းပုံမျက်နှာ

မေးရိုးချွန်ပြီး နဖူးပြင်က ပါးရိုးထက်ပိုကျယ်တဲ့သူကတော့ မေးရိုးကို ထင်းခနဲပေါ်လွင်စေတဲ့ အောက်သို့ချွန်နေတဲ့ မျက်မှန်ကိုင်းမျိုးကို ရွေးချယ်သင့်ပါတယ်။ အနားမကွပ်ထားတဲ့ ဘောင်မဲ့မျက်မှန်မျိုးကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

၃။ မျက်နှာလေးထောင့်

မျက်နှာလေးထောင့်ပိုင်ရှင်တွေကတော့ ဘဲဥပုံမျက်မှန်ဒီဇိုင်းများကို ရွေးချယ်တပ်ဆင်သင့်ပါတယ်။

၎။ ဘဲဥပုံမျက်နှာပိုင်ရှင်

ဘဲဥပုံမျက်နှာပိုင်ရှင်တွေကတော့ မျက်မှန်ဘောင်အပေါ်ပိုင်းက အောက်ပိုင်းထက်ပိုထူနေတာမျိုးကို ရွေးချယ်သင့်ပါတယ်။

၅။ မျက်နှာဝိုင်းတဲ့သူ

သူတို့တွေကတော့ ထောင့်မှန်စတုဂံပုံ၊ စတုရန်းပုံမျက်မှန်အမျိးအစားကိုမှ ဘောင်ပါးပါးလေးကွပ်ထားတာမျိုးကို ရွေးချယ်သင့်ပါတယ်။

၆။ စိန်ပုံစံမျက်နှာပိုင်ရှင်

ပါးရိုးခပ်ကားကား၊ မေးစေ့ချွန်ချွန်နဲ့ နဖူးပြင်သွယ်သွားတဲ့ မျက်နှာပိုင်ရှင်မျိုးပါ။ သူတို့ကျတော့ မျက်မှန်ထောင့်စွန်းဝိုင်းသွားတဲ့ ပုံစံမျိုးကိုရွေးချယ်သင့်ပါတယ်။ ဒါပေမဲ့ မျက်မှန်အကျယ်က ပါးရိုးထက်မကျော်အောင်တော့ ဂရုစိုက်သင့်ပါတယ်။

Source: Brightside.me