ချိန်းထားရင်အမြဲနောက်ကျမှရောက်လာတာမျိုးက မကောင်းတဲ့အကျင့်တစ်ခုပါ။ အရေးကြီးတဲ့သူတွေနဲ့ တွေ့ရတဲ့အခါ၊ အလုပ်ကိစ္စ၊ အင်တာဗျူးကိစ္စတွေကျတော့ နောက်ကျရင် အချိန်ကိုမလေးစားရာကျပါတယ်။ ဒါကြောင့် ချိန်းထားတိုင်း အမြဲနောက်ကျတဲ့အကျင့်ကို ဘယ်လိုပြင်ရမလဲဆိုတာလေးတွေကို ပြောပြပေးလိုက်ပါတယ်။

နာရီကိုအမြဲ Alarm ပေးထားပါ။ မနက်ပိုင်းချိန်းထားတာရှိရင်လည်း ညဘက်ထဲက နာရီကို Alarm ကြိုပေးထားပါ။ သွားရမယ့်အချိန်ကိုလည်း Alarm ပေးထားဖို့မမေ့ပါနဲ့။ မိန်းကလေးတော်တော်များများက အလှပြင်နေပြီဆိုရင် နာရီကိုတောင် မကြည့်မိတော့ဘူး။ ဒါကြောင့် Alarm ပေးထားရင် အသံမြည်တာနဲ့ ကိုယ်သွားဖို့ အချိန်ရောက်ပြီဆိုတာကို သိနေမှာပါ။

Source: www.pics.ru

ကိုယ့်နာရီကို အမြဲ ၁၀ မိနစ် (သို့) ၁၅ မိနစ် မြန်ထားပါ။ ကိုယ်ကအရမ်းနောက်ကျတတ်လွန်းတဲ့သူဆိုရင်တော့ အိမ်ကနာရီတွေကိုပါ မြန်ထားပါ။ နာရီကို ဒီလိုမြန်ထားတာက လုပ်ထားတာကြာရင် မြန်ထားတာကို မေ့နေတတ်ပါတယ်။ ဒါကြောင့် ချိန်းထားရင်လည်း နောက်မကျတော့ဘူးပေါ့။ အရမ်းနောက်ကျတတ်လွန်းတဲ့သူဆိုရင် ဒီလိုမြန်ထားရင်တောင် စောမရောက်ပဲ အချိန်ကွက်တိရောက်သွားတတ်ပါတယ်။

Source: www.sciencenews.org

ကိုယ်လုပ်ရမယ့်အရာတွေအားလုံးကို Plan ချထားတာ၊ အချိန်ဇယားဆွဲထားတာကလည်း နောက်ကျတတ်တဲ့အကျင့်ကို ပြင်ဆင်ပေးနိုင်ပါတယ်။ ကိုယ်က အချိန်နဲ့ လုပ်ရမှာတွေကို သေချာ Plan ချထားပြီး အချိန်ဇယားဆွဲထားတာတဲ့အတွက် ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို တိတိကျကျလုပ်နိုင်သွားမှာပါ။ ဒီတော့ နောက်ကျတဲ့အကျင့်ကလည်း ကြာရင်ပျောက်သွားမှာပါ။

Source: www.freepik.es

ချိန်းထားတာရှိပြီဆိုရင် ညဘက်မှာထဲက ကြိုတင်ပြင်ဆင်ထားပါ။ မနက်ဖြန်သွားရင် ဝတ်သွားမယ့်အဝတ်အစားတွေနဲ့ ထည့်သွားရမယ့်ပစ္စည်းတွေ၊ လိုအပ်တာတွေအကုန်လုံးကို ကြိုပြင်ထားပါ။ ဒီလိုအဆင်သင့်ဖြစ်နေမှလည်း နောက်မကျပဲ ချိန်းထားတာကို အမှီရောက်နိုင်မှာပါ။

Source: www.completewellbeing.com