Beauty & Fashion | မိတ်ကပ် – Make Up | အလှအပ – Beauty

မိတ်ကပ်လိမ်းတဲ့အခါ Sunscreen ကို ဘယ်လိုလိမ်းမလဲ

October 4, 2018

မိတ်ကပ်လိမ်းတဲ့အခါ Sunscreen ကို ဘယ်လိုလိမ်းမလဲ

Share this on:

အားလုံးပဲမင်္ဂလာပါနော်။ အခုဆိုရင် ရာသီဥတုက တဖြည်းဖြည်း ပူလာသလို နေရောင်ခြည်၊ လေထု၊ ဖုန်နဲ့ အညစ်အကြေးတွေက အသားအရေကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် အသားအရေကို ကာကွယ်ဖို့ Sunscreen  လိမ်းပေးဖို့လိုပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ Suncreen ကို ဘယ်အချိန်လိမ်းရမှာလဲ ဘယ်လိုလိမ်းရမှာလဲဆိုတဲ့သူတွေအတွက် မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

Sunscreen ကို မိတ်ကပ်အောက်မှာခံလိမ်းတာက အသုံးဝင်သလား

သေချာပေါက် အသုံးဝင်ပါတယ်။ ဘာလို့လဲဆိုတော့ နေရောင်ခြည်ကို မိတ်ကပ်မလိမ်းခင် ထပ်လောင်းကာကွယ်ပေးတာမို့ပါ။

SPF ပါတဲ့ Moisturizer ကိုလိမ်းပေးပါ။

ဖောင်ဒေးရှင်းမှာ SPF ပါပြီးပြီမို့ လိမ်းစရာမလိုတော့ဘူးမဟုတ်လား

သင့်မိတ်ကပ်မှာပါတဲ့ SPF ကို စိတ်ချလို့မရပါဘူး။ Sunscreen ကိုလိမ်းပေးမယ်ဆိုရင်တော့ ပိုပြီးကောင်းပါတယ်နော်။

မိတ်ကပ်မလိမ်းခင် Sunscreen လိမ်းပေးပြီး မိနစ်အနည်းငယ်လောက်ထားကာ မိတ်ကပ်လိမ်းပေးလိုက်ပါ။

မိတ်ကပ်နဲ့တွဲလိမ်းလို့ရတဲ့ နည်းလမ်းတချို့

အရင်ဆုံး မိတ်ကပ်မလိမ်းခင် နဖူး၊ မျက်နှာနဲ့ နားနောက်နား၊ လည်ပင်းနားတွေကို Sunscreen လိမ်းပေးလိုက်ပြီး လက်ကလေးနဲ့ ခပ်ဖွဖွလေး ပုတ်ပေးလိုက်ပါ။

အဲဒီနောက် Primer လိမ်းပေးလိုက်ပြီးတော့ ဖောင်ဒေးရှင်းလိမ်းပေးလိုက်ပါ။ အဲဒီနောက် တခြားလိုအပ်တဲ့အဆင့်ကို လိမ်းပေးရမှာဖြစ်ပါတယ်။

Source: www.stylecraze.com

By: MyStyle Myanmar

Review

User Rating

3 (5 Votes)
error: Alert: Copyright © 2018. MyStyle Myanmar