ColorOS 5.0 ဟာ မျက်စိအမြင်ပိုင်းကို ပိုသက်သောင့်သက်သာရှိစေပြီး သုံးစွဲသူတွေကိုလည်း ရှုပ်ထွေးမှုလုံးဝမရှိစေမယ့်အသွင်အနေနဲ့ ဖန်တီးပေးထားပါတယ်။ ပင်မ Home Page သာမက App Icon လေးတွေ၊ Font အရွယ်အစားအလယ် နောက်ခံအရောင်အသွေး စတာတွေကို ပိုမိုဆန်းသစ်တဲ့အသွင်အနေနဲ့  ပြန်လည်ဖန်တီးအသက်သွင်းထားတာကို တွေ့ရှိရမှာပါ။ ဒါတွေသာမကဘဲ ပိုမိုကောင်းမွန်တဲ့ မြင်ကွင်းကျယ်ထိတွေ့သုံးစွဲမှု အတွေ့အကြုံကောင်းကိုပါ ရရှိခံစားနိုင်အုံးမှာပါနော်။

User Interface (UI) နဲ့ ပတ်သက်လာရင် OPPO ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ ColorOS ဟာ အဆင့်မြှင့်တင်ပြောင်းလဲမှုတွေနဲ့အတူ ပိုမိုကောင်းမွန်လာခဲ့ပါပြီ။ လက်ရှိအသစ်မိတ်ဆက်ပေးမယ့် OPPO F7 ထုတ်ကုန်မှာလည်း ColorOS 5.0 Version အနေနဲ့ အသစ်စက်စက်ပါဝင်လာတော့မှာပါ။ အရင်နောက်ဆုံးထုတ်ထားတဲ့ ColorOS 3.2 နဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ အသွင်အပြင်အားလုံးနီးပါး ပြောင်းလဲသွားတာကိုတွေ့မြင်နိုင်မှာပါ။

 

Full Screen Multitasking သုံးစွဲပုံအသစ်ကိုလည်း ထည့်သွင်းပေးထားပြီး ဂိမ်းကစားနေချိန်၊ Video ကြည့်နေချိန်တွေမှာတောင် Message တွေကို အခက်အခဲမရှိ ရေးသားပေးပို့နိုင်တော့မှာဖြစ်ပါတယ်။ ထို့အပြင် Assistive Ball ကိုအသုံးပြုပြီး ဖုန်းအတွက်လိုအပ်တဲ့ ထိန်းချုပ်လုပ်ဆောင်မှုအများအပြားကိုပါ လုပ်ဆောင်နိုင်စေအုံးမှာပါ။

ဒါ့အပြင် ColorOS 5.0 ရဲ့ နောက်ထပ်အားသာချက်ကတော့ ဓာတ်ပုံတည်းဖြတ်မှုတွေကို ရိုးရိုးရှင်းရှင်းနဲ့ လုပ်ဆောင်နိုင်မှာပါပဲ။ ရိုက်ယူထားတဲ့ဓာတ်ပုံတွေကို ပြန်ရှာတဲ့အခါမှာလည်း အချိန်၊ နေရာ၊ အရာဝတ္ထု၊ လူ အစရှိတဲ့ Keyword တွေကို အသုံးပြုနိုင်လို့ ယခင်ထက်ကို ပိုမိုလွယ်ကူသွားမှာဖြစ်ပါတယ်။

Notifications ကြည့်တဲ့အချိန်မှာ အရေးကြီးတဲ့ အချက်အလက်မှန်သမျှကို မြင်သာထင်သာရှိအောင် ပြသပေးပါလိမ့်မယ်။ ကိုယ်မကြာမကြာအသုံးပြုတဲ့ App တွေအတွက်လည်း App Shortcut ဆို၍ ဖုန်းမျက်နှာပြင်ပေါ်မှာ အလွယ်တကူရယူသွားနိုင်မှာပါ။ ဖုန်းကို Clone Phone အဖြစ် အချက်အလက်တွေရွှေ့ပြောင်းတာ၊ Face Unlock စနစ်ကိုအသုံးပြုတာ၊ ဖုန်းအတွင်းရှိ App နဲ့ File တွေကို လုံခြုံမှုရှိစေရန် ကာကွယ်ပေးတာတွေအားလုံးအတွက်လည်း ColorOS 5.0 ကြောင့် ယခင်ထက်ကို ပိုမိုကောင်းမွန်သွားစေပါလိမ့်မယ်။

အားလုံးကို ခြုံပြောရမယ်ဆိုရင်တော့ ColorOS 5.0 ဟာ ဖုန်းတစ်လုံးရဲ့စွမ်းဆောင်မှုအပိုင်းကို ပိုမိုမြန်ဆန်လာစေဖို့ Battery သုံးစွဲမှုအပိုင်းတွေကို လျှော့ချပေးမှာဖြစ်သလို OPPO F7 ဖုန်းရဲ့ AI လုပ်ဆောင်မှုတွေကိုလည်း ချောမွေ့ပြေပြစ်မှုရှိဖို့အတွက် အထောက်အကူပေးအပ်သွားမှာဖြစ်ပါတယ်။