ကမ္ဘာ့စမတ်ဖုန်းလောကတွင် ထိပ်တန်းမှ ဦးဆောင်နေသည့် Honor မှ ဒီဇင်ဘာလတစ်ရက်နေ့တွင် ဟန်သီသည် ကြည့်ရှုသူ ၂.၂ ဘီလီယံနှင့် မဲပေးသူ သန်းနှစ်ဆယ်ရရှိပြီး Miss World ပြိုင်ပွဲ၏ ထိပ်တန်းအလှမယ် ၂၀ စာရင်းဝင်ပြီဖြစ်ကြောင်းကို ဂုဏ်ယူအားတက်စွာဖြင့် ကြေညာခဲ့ပါတယ်။

Miss World 2018 ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ဆန်ညာတွင် ကျင်းပလျက်ရှိပြီး ကမ္ဘာ့ထိပ်တန်း အလှမယ်ပြပွဲအဖြစ် သတ်မှတ်ထားပါတယ်။ ဟန်သီသည်  Miss World Myanmar 2018 သရဖူကို ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံနှင့် Honor Myanmar အား ကိုယ်စားပြုပြီး တရုတ်နိုင်ငံတွင် ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Miss World 2018 ၏ Top 20 တွင် ပါဝင်လာသည့် အလှမယ် ဟန်သီ

“ဟန်သီဟာ ၆၈ ကြိမ်မြောက် Miss World အလှမယ် ပြိုင်ပွဲကြီးအတွက် မစတင်ခင်ကတည်းက လေ့ကျင့်ပြင်ဆင်ပြီး တိုးတက်လာတာတွေကို တွေ့မြင်ရပြီး ပံ့ပိုးပေးရတဲ့အတွက် ကျွန်တော်တို့ သိပ် ဂုဏ်ယူမိပါတယ်။ Miss Myanmar 2018 ဆုကို ရရှိပြီး အဲဒီကနေ ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၁၂၀ ကြားထဲက ရွေးချယ်ခံရတဲ့ထိပ်တန်း အယောက် ၂၀ ထဲ ပါဝင်ရတာက ဟန်သီ့အတွက် အိပ်မက်တွေ တကယ် ဖြစ်လာခဲ့တာပါ။ စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရပေမယ့် Honor Myanmar ကရော Honor Fan တွေကပါ ဟန်သီဟာ သူရဲ့ အိပ်မက်တွေကို ဘယ်တော့မှ မစွန့်လွှတ်မယ့်သူ ဆိုတာ ယုံကြည်ကြပါတယ်။ Honor Myanmar နဲ့ တိုင်းပြည်အတွက် ကိုယ်စားပြုပြီး သူ့ရဲ့ ကြိုးစားမှုနဲ့ ဝီရိယကို မျက်မြင်ကိုယ်တွေ့မြင်ရတဲ့အတွက် ကျေနပ်အားရမိပါတယ်” ဟု Honor Myanmar ၏ President ဖြစ်သူ Mr. Bai Jing က ပွဲမှာ ပြောကြားပေးခဲ့ပါတယ်။

ဟန်သီသည် တစ်ဦးချင်း ယှဉ်ပြိုင်ပွဲတွင် အုပ်စု (၁၁) ၏ ချန်ပီယံဖြစ်လာခြင်းက သူမအား နောက်ဆုံးဖိုင်နယ်ယှဉ်ပြိုင်ပွဲသို့ ဝင်ရောက်စေသည့် အခွင့်အရေးများကို မြှင့်တင်ပေးရုံသာမက ကမ္ဘာအနှံ့မှ အလှမယ်ပေါင်း ထောင်ချီကို ကျော်၍ ” Miss World 2018″ ဖြစ်လာနိုင်သည့် လမ်းကြောင်းမှာ သူမ၏ အရည်အချင်းပြည့်ဝမှုကို ပေါ်လွင်စေပါတယ်။

Miss World 2018 ၏ Top 20 ၀င် အလှမယ်များ

“ရဲရင့်သူတို့အတွက်” ဟူသော ဆောင်ပုဒ်နှင့်အညီ အသုံးပြုရာတွင် သာလွန်ကောင်းမွန်သော အတွေ့အကြုံတွေပေးခြင်းနှင့် လူငယ်များကို သူတို့၏အိပ်မက်များရရှိလာအောင်   ဖန်တီးနိုင်မှုစွမ်းရည်တွေကို အားပေးခြင်းခြင်းဖြင့် Honor Brand ကို မျိုးဆက်သစ်တို့၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင်ဖန်တီးပေးထားပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ထူးခြားမှုတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့်  ဟန်သီသည် ကမ္ဘာ့အသိုင်းအ၀ိုင်းအလယ်မှာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူနိုင်လိမ့်မည်ဟု Honor က ယုံကြည်ထားပါတယ်။

Honor အကြောင်း

Honor သည် ဈေးကွက်တွင် ဦးဆောင်နေသည့် စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ “ရဲရင့်သူတို့အတွက်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ Honor သည် သာလွန်သော အသုံးပြုမှုအတွေ့အကြုံများကို ပံ့ပိုးပေးနိုင်သော၊ စိတ်အားထက်သန်မှုများ တိုးမြင့်စေနိုင်သော၊ တီထွင်နိုင်စွမ်း မွေးဖွားပေးနိုင်သော၊ လူငယ်များကို ၎င်းတို့၏ စိတ်ကူးအိမ်မက်များ အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန် ခွန်အားပေးနိုင်သော အင်တာနက်အခြေပြု ထုတ်ကုန်များကို ဒစ်ဂျစ်တယ်ကမ္ဘာသားများ၏ လိုအပ်ချက်များနှင့်အညီ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် Honor သည် တစ်မူထူးခြားစွာ လုပ်ဆောင်နိုင်ရန်နှင့် ၎င်းတို့၏ ဖောက်သည်များအတွက် နောက်ဆုံးပေါ် နည်းပညာများဖြင့် ပံ့ပိုးပေးနိုင်ရန် လိုအပ်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် ၎င်းတို့၏ စိတ်ခွန်အားသတ္တိကို ပြသနိုင်ခဲ့ပါတယ်။ ထပ်မံသိရှိလိုသည်များ ရှိပါက Honor ၏ www.hiHonor.com
အင်တာနက်စာမျက်နှာသို့ ဝင်ရောက်နိုင်သလို အောက်ပါ လူမှုဆက်သွယ်ရေး ကွန်ရက်တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည် –http://www.facebook.com/Honormyanmar