အားလုံးပဲမင်္ဂလာပါနော်။ အဆီပြန်တဲ့အသားအရေမျိုးက လူတွေအတော်များများမှာ ဖြစ်တတ်တာမျိုးပါ။ အဆီမပြန်ရင်တောင်မှ ပေါင်းစပ်အသားအရေ ရှိကြပါတယ်။

အဆီပြန်တဲ့အသားအရေနဲ့ ဝက်ခြံပြဿနာဟာ ဖြေရှင်းဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒီလိုဖြေရှင်းရခက်တဲ့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တို့ အတွက် အသားအရေထိန်းသိမ်းနည်းတွေကို မျှဝေပေးချင်ပါတယ်နော်။

၁။ မျက်နှာသစ်ပါ

အဆီပြန်တဲ့သူတွေက တစ်နေ့ကို မျက်နှာ ၂ ကြိမ်လောက်သစ်သင့်ပါတယ်။ ဒါပေမယ့် ကြမ်းတမ်းတဲ့ဆပ်ပြာတို့နဲ့ မသစ်ဘဲ နူးညံ့ပြီး သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာကို သုံးပါ။

၂။ အဆီစုပ်စက္ကူ

အဆီစုပ်စက္ကူကို ဆောင်ထားသင့်ပါတယ်။ နေ့လည်ဖက် အဆီပြန်လာတဲ့အခါ သုတ်ပေးလိုက်ပါ။ အဆီစုပ်စက္ကူတွေက သင့်အသားအရေ အဆီပြန်တာကို စုပ်ယူပေးလို့ မိတ်ကပ်လည်းမပျက်ဘဲ အဆင်ပြေစေမှာဖြစ်ပါတယ်။

၃။ ပျားရည်

ပျားရည် ဝက်ခြံသမားတွေအတွက်ရော၊ အဆီပြန်တဲ့အသားအရေပိုင်ရှင်အတွက်ပါကောင်းမွန်ပါတယ်။ ပျားရည်က သဘာဝအတိုင်း အသားအရေကို စိုပြေစေဖို့ အဆီမပြန်စေပါဘူး။

၄။ ရွှံ့စေးသုံးပါ

ရွှံ့စေးနဲ့ ပေါင်းတင်တာမျိုးလုပ်ပေးသင့်ပါတယ်။ အမြဲတမ်းလုပ်စရာမလိုပါဘူး တစ်ပတ်ကို ၂ ကြိမ်လောက် ရွံ့စေးလိမ်းပေးလိုက်ပြီး မျက်နှာသစ်ပေးလိုက်ပါ။

၅။ အဆီပါဝင်မှုနည်းပြီးရေဓာတ်ညီမျှတဲ့ အလှကုန်ပစ္စည်းတွေသုံးပါ

သင်နေ့စဉ် ထိတွေ့နေရတဲ့ အလှပြင်ပစ္စည်းလေးတွေမှာ အဆိမပါဝင်တာကို သုံးပါ။ PH ပမာဏ ညီမျှတဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ်သုံးပေးနိုင်ပါတယ်။

အလှကုန်ပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင် ကိုယ့်အသားအရေပုံစံကို သေချာရှင်းပြပါ။ အသားအရေနဲ့ အသင့်တော်ဆုံးကို ရွေးချယ်အသုံးပြုပေးပါ။

By: MyStyle Myanmar