သိဖူး ကြားဖူးနေကြ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အချက်ကတော့ ရေများများသောက်ခြင်းက ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ပေးလို့ပါတယ်။ နောက်ပြီးအဖျားရှိပြီး ကိုယ်ပူနေရင်လည်း ရေများများသောက်ကြဖို့ တိုက်တွန်းကြပါတယ်။ သို့ပေမယ့် ဒီတစ်ခါမှာတော့ ကြိုပြီးသားရေ Warm Water ရေနွေးကို သောက်ပေးခြင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။

ရေနွေးသောက်ပေးခြင်းက နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။ နောက်တစ်နည်းကတော့ အငွေ့တွေလှိုင်လှိုင်ထနေတဲ့ ရေနွေးပူကို နှခေါင်းအဝနားမှာထားပြီး ရှုပေးခြင်းဖြင့် Nasal Congestion ကို ပျောက်ကင်း သက်သာစေနိုင်လို့ပါပဲ။

ရေနွေးပူဟာ အစာခြေစနစ်အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ အစာမကျေဖြစ်တဲ့အခါမျိုးတွေမှာ ရေနွေးကိုသောက်ပေးခြင်းဖြင့် Vital Intestinal organs အစာအိမ်နဲ့ အူလမ်းကြောင်းကို ရေဓာတ်ဖြည့်ပြီး ရှင်းလင်းစေပါတယ်။

ရေနွေးသောက်ပေးခြင်းဟာ Nervous System အာရုံကြောတွေကို စိတ်ပိုင်းဆိုင်ရာကို ငြိမ်သက်စေပါတယ်။ အမြဲတမ်းသောက်ပေးခြင်းဖြင့် ကြွက်သားနဲ့ အာရုံကြော အဆစ်အမြစ်တွေ ကိုက်ခဲခြင်း နာကျင်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဝမ်းချုပ်တဲ့အခါတွေမှာလည်း ရေနွေးကိုသောက်ပေးခြင်းက ပုံမှန်ဝမ်းမှန်စေနိုင်ပါတယ်။ ဝမ်းအတွင်းအပူအပုတ်များ ခံနေရင်လည်း အူရှင်းပေးရာရောက်ပါတယ်။

နောက်ပြီး ရေနွေးသောက်ပေးခြင်းဟာ ကိုယ်ခန္ဓာအလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ ရေနွေးအပူဟာ ကိုယ်ခန္ဓာအတွင်း အပူချိန် Internal Temperature ကို မြင့်တက်စေနိုင်လို့ စပ်တဲ့အစားအစာတွေကို စားလိုက်သလိုပဲ Metabolism ကိုမြန်ဆန်စေနိုင်လို့ပါ။

ရေနွေးဟာ Stress Level စိတ်ဖိစီးမှုကိုလျှော့ကျစေနိုင်ပါတယ်။ သောက်ပေးခြင်းသို့မဟုတ် ရေချိုးပေးခြင်းဖြင့် သွေးလည်ပတ်မှုကိုကောင်းစေနိုင်ပြီး စိတ်ငြိမ်စေနိုင်တာကြောင့် ညဖက်တွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။

Source: AllWomenStalk