ယောဂကျင့်ခြင်းဟာ Gym ဆော့သလို ပင်ပင်ပန်းပန်း အားထုတ်စရာမလိုပဲ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ အထောက်ကူပြုတဲ့ ကျင့်စဉ်တစ်မျိုးပါပဲ။ ငယ်တဲ့သူတွေကနေစပြီး အသက်ကြီးတဲ့သူတွေအထိ ပြုလုပ်ပေးနိုင်လို့ ယောဂလေ့ကျင့်ခန်းဟာ အစာချေစနစ်ကောင်းမွန်ဖို့ အရေးကြီးသလို ကျန်းမာရေးနဲ့ အလှအပတိုးစေပါတယ်။

ကျန်းမာရေးအတွက်ကလည်း ဆက်စပ်နေတဲ့အရာပါ။ သင့်ကိုလည်း စိတ်အပန်းပြေစေမယ့်အပြင် ခန္ဓာကိုယ်အလှတိုးစေတဲ့ ယောဂလေ့ကျင့်ခန်းကို မျှဝေပေးချင်ပါတယ်။ အဓိကအားဖြင့်တော့ အစားအစာကို အာဟာရညီညွတ်မျှတအောင်စားမယ်၊ ယောဂကျင့်စဉ်လေးကို ပုံမှန်ကျင့်ပေးမယ်ဆို Healthy Lifestyle ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးရှုထောင့်အရသော်လည်းကောင်း စိတ်ပိုင်းဆိုင်အရသော်လည်းကောင်း ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ပုံမှန်ပြုလုပ်ပေးခြင်းအား ခန္ဓာကိုယ်၏ မလိုအပ်သော အဆီအနှစ်အပိုင်းအစများကို ဖယ်ထုတ်ပေးတာကြောင့် လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို လက်ဝယ်ပိုင်ဆိုင်နိုင်မယ့်အပြင် နှစ်ခြိုက်စွာ အိပ်ပျော်စားဝင်စေမှာပဲ ဖြစ်ပါတယ်။ အသက်ငယ်တဲ့သူတွေအတွက်ဆို ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်လှပစေပြီး အသက်ကြီးတဲ့သူတွေအတွက်ဆို နေရထိုင်ရတာ သက်သောင့်သက်သာနဲ့ဖြစ်ကာ အရိုးအဆစ် ကြွက်သားတွေသန်စွမ်းစေပါတယ်။

မှတ်ဉာဏ်တိုးတက်ကောင်းမွန်ဖို့အတွက်ပါ များစွာအထောက်အကူပြုပေးပါတယ်။ မှတ်ဉာဏ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားမှသာလျှင် အလုပ်မှာပဲဖြစ်ဖြစ်၊ လူမှုရေးကိစ္စမှာပဲဖြစ်ဖြစ် ချောမွေ့လွယ်ကူတဲ့ ဆက်ဆံရေးမျိုးနဲ့ ထိရောက်မှုမျိုးကို သင်ဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ကျန်းမာရေး ကောင်းခြင်း မကောင်းခြင်းရဲ့ အကျိုးဆက်တွေက စိတ်ပျော်ရွှင်မှုအပေါ်မှာ တိုက်ရိုက် သက်ရောက်တယ်ဆိုတာ ယုံကြည်ပါသလား။

ကျန်းမာရေးကောင်းစေခြင်းငှာ မနက်ပိုင်းပဲဖြစ်ဖြစ် ညအိပ်ယာမဝင်ခင်ပဲဖြစ်ဖြစ် ယောဂကျင့်ပေးခြင်းဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ပျော်ရွှင်သော ဘဝနေထိုင်မှုကို အရယူလိုက်ပါ။

Source: Myfitnesscraze