အားလုံးပဲ မင်္ဂလာပါ။ ပျိုမေလေးတို့ အသည်းစွဲ ထိုင်းမင်းသားလေးက ဘယ်သူများဖြစ်မလဲ။

Pee Mak လို့ နာမည်ကြီးတဲ့ Mario လေးကိုလည်း တစ်ချိန်တုန်းက အရူးအမူစွဲလမ်းဖူးကြမှာပဲနော်။ သူက ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မကြာခင်ဆို အသက်သုံးဆယ်တောင် ပြည့်တော့မှာပဲနော်။

သူက ဂျာမန်နဲ့ တရုတ်သွေးနှောတစ်ယောက်ပါ။ ဒါပေမဲ့ ဂျာမန်နဲ့ တရုတ်စကား မပြောတတ်သလို၊ အဲ့ဒီ ဘာသာစကားတွေကိုလည်း နားမလည်ပါဘူးတဲ့။ မွေးကတည်းက ထိုင်းမှာပဲဆိုတော့ ထိုင်းလိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့အပြင် အင်္ဂလိပ်လိုလည်း ကျွမ်းပါတယ်။

Mario ရဲ့ အရပ်အမြင့်က ၁.၈ မီတာ (၅ ပေ ၉ လက်မ) ရှိတဲ့အပြင် အမိုက်စားဘော်ဒီကိုပါ ပိုင်ဆိုင်ထားတော့ မော်ဒယ်လောကမှာ အောင်မြင်တာလည်း မပြောပါနဲ့တော့။

အသက် ၁၆ နှစ်မှာ မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခံလိုက်ရပြီး ဓာတ်ပုံတွေရိုက်၊ ကြော်ငြာတွေ ရိုက်ရင်းကနေ နောက်ဆုံးမှာတော့ ၂၀၀၇ ခုနှစ်မှာ ပြသခဲ့တဲ့ Love Of Siam ဆိုတဲ့ ဇာတ်ကားထဲမှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားလေးနဲ့ အကောင်းဆုံးသရုပ်ဆောင် မင်းသားဆုကို ရရှိခဲ့ပါတယ်။

သူရဲ့ အောင်မြင်မှုအစပြုခဲ့တဲ့ အချိန်ကတော့ ၂၀၁၀ ခုနှစ်မှာ ပြသခဲ့တဲ့ အချစ်ဇာတ်ကားလေး First Love (သို့) Crazy Little Thing Called Love ဆိုတဲ့ ဇာတ်ကားလေးကြောင့်ပါပဲ။

၂၀၁၃ မှာ ရုံတင်ပြသသွားခဲ့တဲ့ Pee Mak ဆိုတဲ့ သရဲကားလေးကိုလည်း အားလုံးမှတ်မိကြမှာပဲနော်။ ကြောက်ဖို့လည်း ကောင်းသလို၊ သနားဖို့လည်း ကောင်းတဲ့ သရဲ ဟာသကားလေးပါပဲ။ မြန်မာနိုင်ငံမှာလည်း တော်တော်လေးကို လူကြိုက်များသွားတဲ့ကားလေးပေါ့။ အဲ့ဒီကား ရုံတင်ပြီးသွားတဲ့နောက်မှာတော့ Mario က ထိုင်းနိုင်ငံမှာ အနုပညာကြေးအမြင့်ဆုံး မင်းသားတွေထဲက မင်းသားတစ်လက် ဖြစ်သွားပါတော့တယ်။

သူ့ရဲ့ ဖက်ရှင်လေးတွေကိုလည်း ဆက်ကြည့်လိုက်ရအောင်နော်။

Photo Source: Pinterest.com