ဆံပင်ညှပ်ဖို့ စဥ်းစားနေလား။ ၂၀၁၇ မှာလည်း ဆံပင်စတိုင်လ်အမျိုးမျိုး အရောင်အမျိုးမျိုး ခေတ်ထခဲ့တယ်နော်။ အခု ၂၀၁၈ မှာကော ဘယ်လို ဆံပင်ပုံစံမျိုးတွေခေတ်စားလာမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ပုခုံးထိရှည်တဲ့ ဆံပင်ကေ

ဆံပင်အတိုဆိုပေမယ့် ပုခုံးနားထိ ရှည်တဲ့ ဒီလို ဆံပင်ကေမျိုး ၂၀၁၈ မှာ ခေတ်စားလာမယ့်လို့ ခန့်မှန်းထားကြပါတယ်။ အရှည်ထားတာထက် အတိုလေးတွေ ထားရတာပိုနှစ်သက်တဲ့ သူတွေအတွက်လည်း အမိုက်စားဖြစ်စေမယ့် ဆံပင်ကေပါ။

သဘာဝဆန်တဲ့ ပုံစံ

၂၀၁၈ ခုနှစ်မှာ ခေတ်စားလာမယ့် ဆံပင်စတိုင်လ်များ

Natural Look ဆိုတဲ့ သဘာဝပုံစံမျိုးဟာလည်း ၂၀၁၈ ခုနှစ်မှာ ခေတ်စားလာမယ့် ပုံစံပါ။ ဆံပင်ကို ပုံသွင်းရင်တောင် ခပ်ရှုပ်ရှုပ် ခပ်ပွပွလေး သဘာဝပုံအတိုင်း ပုံသွင်းကြတာများပါတယ်။

အရိုင်းဆန်ဆန် ဆံပင်အရောင်တွေ

သဘာဝဆန်ဆန်ဆိုတာထက် အရိုင်းဆန်ဆန် ဆံပင်အရောင်လေးတွေ ပိုပြီး ခေတ်စားလာမယ်လို့ ဆံပင်စတိုင်လစ်တွေက ဆိုပါတယ်။ ရွှေအိုရောင်ကိုမှ ကြေးနီစပ်တာတွေ၊ ပန်းရောင်ဆက်တာတွေ ၊ နို့နှစ်ရောင်စပ်တာတွေ ခေတ်စားလာမယ်လို့ ဆိုပါတယ်။

Shaggy Bob ပုံစံ

အခု ၂၀၁၇ မှာလည်း ခေတ်စားတဲ့ ပုံစံလေးပါပဲ။ ဆံပင်အတိုလေးကိုမှ ခပ်ရှုပ်ရှုပ်ပုံစံမျိုးညှပ်ထားတဲ့ ဒီဇိုင်းလေးပါ။ Sexy လည်းကျသလို ဆွဲဆောင်မှုအပြည့်ရှိတာကြောင့် ၂၀၁၈ မှာလည်း ဒီ ဒီဇိုင်းလေးက ရိုးသွားမယ် မထင်ပါဘူး။

ဆံပင်အောက်ပိုင်း အရောင်တောက်တောက်လေးတွေခေတ်စားလာမယ်

ဆံပင်ကို တစ်ခေါင်းလုံး အရောင်တစ်မျိုးတည်းဆိုးတာမဟုတ်ဘဲ ဆံပင်အဖျားလေးတွေကို ပိုပြီး အရောင်တောက်တာ၊ အရောင်လင်းတာမျိုး ခေတ်စားလာမယ်လို့ ဆိုပါတယ်။ အဓိကအားဖြင့် အဖြူနဲ့ မီးခိုးရောင်ေ ခတ်စားလာမယ်လို့ ဆံပင်စတိုင်လစ်တွေက ခန့်မှန်းထားကြပါတယ်။

Geometric bowl cuts

၂၀၁၇ တုန်းက ဆံပင် အနောက်တိုပြီး အရှေ့ ရှည်ရှည်လေးတွေ ခေတ်စားခဲ့ပါတယ်နော်။ ၂၀၁၈ မှာတော့ ဆံပင်ကို အခုလို ပုံစံမျိုး ထွင်ပြီးညှပ်တာက ဖက်ရှင်လောကမှာ ပိုပြီး Trend ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၀၁၈ မှာ ခေတ်စားလာမယ့် ဆံပင်ပုံစံနဲ့ ဆံပင် အရောင်အချို့ကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ စာဖတ်သူတို့အားလုံး အလှတိုးကြပါစေရှင်။