ပြစ်မျိုးမှဲ့မထင် မိတ်ကပ်လိမ်းချယ်နိုင်ဖို့ နည်းလမ်းလေးတွေ

မင်္ဂလာပါပျိုမေတို့ရေ။ မိန်းကလေးတိုင်း မိတ်ကပ်လိမ်းရတာ နှစ်သက်ကြပါတယ်နော်။ မိတ်ကပ်လိမ်းတဲ့အခါ အဓိကအရေးကြီးဆုံးကတော့ ဖောင်ဒေးရှင်းကို သေချာလေး လိမ်းပေးဖို့လိုအပ်ပါတယ်။ ဒါပေမယ့် သင့်အသားအရေနဲ့ မလိုက်ဖက်တဲ့ မိတ်ကပ်ပစ္စည်းတွေ။ လိမ်းချယ်နည်းအမှားတွေကြောင့် မိတ်ကပ်နဲ့ သင့်အသားအရေ တသားတည်းမကျဘဲ ကြည့်ရတာ အဆင်မပြေဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ဖောင်ဒေးရှင်းကို သေချာလေး ရွေးချယ်နိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

အရင်ဆုံး အသားအရေကို Moisturizer လိမ်းပေးလိုက်ပါ။

ပြီးရင် မိတ်ကပ်တာရှည်ခံပြီး မိတ်ကပ်သိပ်သိပ်လေးဖြစ်စေဖို့ Primer လိမ်းပေးပါ

သင့်အသားအရေနဲ့ သင့်တော်တဲ့ ဖောင်ဒေးရှင်းတွေ မိတ်ကပ်တွေကို သေချာရွေးချယ်ပါ။ မိတ်ကပ်ဖောင်ဒေးရှင်းရွေးတဲ့အခါ လည်ပင်း(သို့) မေးရိုးနားမှာ လိမ်းပြီးစမ်းသတ်လို့ရပါတယ်။

မှန်ကပ်တဲ့ ပစ္စည်းတွေသုံးမယ်။

မိတ်ကပ်လိမ်းတဲ့အခါသေချာလေး Blend လုပ်ပေးပါ။

Pirmer ၊ ဖောင်ဒေးရှင်းတွေသေချာလိမ်းပြီးသွားရင် Loose Powder ကို သေချာသုံးပေးပါ။

2018-02-10T22:50:43+00:00February 10th, 2018|Beauty, Fashion, အသားအရေ – Skincare|
error: Alert: Copyright © 2019. MyStyle Myanmar