ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ရေများများသောက်ပြီး ဝိတ်လျှော့လို့ရတယ်ဆိုရင် စာဖတ်သူတို့လည်း အကြိုက်တွေ့မယ်ထင်ပါတယ်။ ရေမသောက်ပဲနဲ့တော့ ကိုယ်အလေးချိန်ကျဖို့ အကူအညီပေးနိုင်မှာမဟုတ်ပါဘူး။ ရေများများသောက်ပေးခြင်းဖြင့် ကယ်လိုရီလျှော့ကျစေပါတယ်။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးမယ့်အပြင် သင့်ခန္ဓာကိုယ်အတွင်းက တစ်ရှုးလေးတွေကိုလည်း ကျန်းမာစေပါတယ်။

၁။ မနက်အိပ်ယာနိုးနိုးချင်းရေသောက်ပါ။

မနက်အိပ်ယာနိုးနိုးပြီး ဘာအစားအစာမှ မစားရသေးခင် ရေ ၁၆ အောင်စရှိ ခွက်တစ်လုံးအပြည့် သောက်ပေးပါ။

၂။ သွားလေရာမှာ ရေဘူးလေးထည့်သွားမယ်။

ကိုယ်သွားမယ့်နေရာမှာ ရေဘူးလေးထဲ ရေအပြည့်ထည့်ပြီးသယ်သွားပါ။ တစ်ဘူးကုန်သွားရင် တစ်ဘူးချက်ချင်းပြန်ဖြည့်ပါ။

၃။ သံပုရာသီး (သို့) သံပုယိုသီးစိမ်ပြီးသောက်ပါ။

ရေသောက်ပေးတဲ့အခါ သံပုယိုသီး (သို့) သံပုရာသီးကို ပါးပါးလှီး သခွားသီး ပါးပါးလှီးပြီးထည့်ပါ။ ပြီးရင် သကြားမထည့်ဘဲ သောက်ပေးပါ။

၄။ ညဖက်မှာလည်း သရေစာမစားဘဲရေသောက်ပါ။

ညဖက်မှာ အစာပြေ သရေစာစားမယ့်အစား ရေသောက်ပေးပါ။

၅။ အစာမစားခင် ၂ ခွက် (သို့) ၃ ခွက်သောက်ပါ။

နေ့လည်စာ ညစာမစားခင် ရေ ၂ ခွက်(သို့) ၃ ခွက်သောက်ပေးပါ။ ဒါဆိုရင် အစားများများစားမိတာကို ကာကွယ်နိုင်ပြီး အစာကြေလွယ်စေပါတယ်။