အားလုံးပဲ မင်္ဂလာပါ။ MyStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ် ပျိုမေလေးတို့ရေ။ ကိုယ်က လက်ရှိမှာ ချစ်သူမရှိလို့ ရှေ့လျှောက်မှာရော တစ်ကိုယ်ရေတစ်ကာယသမားဖြစ်နေဦးမလားဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေနေပါသလား။

ဒီလိုမျိုး စဉ်းစားနေမယ့်အစား တန်ဖိုးရှိတဲ့အချိန်တွေကို ကိုယ့်အတွက်သုံးရင်းနဲ့ အချိန်ကုန်လိုက်ပါ။ ကိုယ့်ကိုယ်ကို ပိုချစ်တတ်ဖို့နဲ့ ကိုယ့်တန်ဖိုးကို မြှင့်တင်နိုင်ဖို့အတွက် တစ်ကိုယ်ရည်တစ်ယောက်တည်း အချိန်ကို ကုန်ဆုံးဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် ဘယ်လိုအချိန်ပေးမလဲ။ အခြားသူတွေမရှိလို့ စိတ်ညစ်နေမယ့်အစား ကိုယ်တစ်ယောက်တည်းလည်း ပျော်ရွှင်စွာနဲ့ Solo Date လုပ်နိုင်မယ့် အကြံကောင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

၁။ ပန်းချီပြခန်းတွေ

Source: Getaway Magazine

အတွင်းမှတိမ်မြုပ်နေတဲ့ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းအားကို ဖွင့်ထုတ်လိုက်ပြီး အနုပညာရသတွေကို ခံစားလိုက်ပါ။ အနုပညာတွေကို ရှုစားခြင်းဖြင့်လည်း ကိုယ့်ရဲ့ စိတ်ခံစားချက်ရှုပ်ထွေးမှုတွေ၊ ပင်ပန်းမှုတွေကို ကုထုံးတစ်ခုအနေနဲ့ အသုံးချနိုင်ပါတယ်။

၂။ ကော်ဖီဆိုင်

Source: Unsplash

ကိုယ့်အနီးအနားမှာရှိတဲ့ ကော်ဖီဆိုင်လေးတွေဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အသစ်မှာ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်တွေကိုဖြစ်ဖြစ် သွားရောက်လည်ပတ်ကာ အတွင်းအပြင်ဒီဇိုင်းဖန်တီးမှုလေးတွေ၊ ကော်ဖီအရသာလေးတွေကို ခံစားရင်းဖြင့် ကိုယ့်အတွက်အချိန်လေးတစ်ခု ဖန်တီးပေးလိုက်ပါ။

၃။ ယောဂလေ့ကျင့်ခန်းများ

Source: goodcountryphysio.com.au

လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းက ကိုယ့်အတွက် ဘယ်လိုမှ အကျိုးမဖြစ်စေတဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့ ကူညီပေးတာကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို ခန္ဓာကိုယ်လည်းလှ၊ စိတ်လည်းကျန်းမာစေမယ့် ယောဂလေ့ကျင့်ခန်းလေးတွေတက်ကြည့်လိုက်ပါ။

၎။ စာအုပ်လေးတွေဖတ်ပါ

Source: BuildDirect

စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာတွေက အဖော်မပါဘဲ တစ်ယောက်တည်းလည်း လွတ်လွတ်လပ်လပ် ပြုလုပ်နိုင်တာကြောင့် ကိုယ့်ရဲ့အိမ်မှာပဲ ကိုယ်ကြိုက်တဲ့စာအုပ်လေးဖွင့်ဖတ်ကာ အေးအေးဆေးဆေး အနားယူလိုက်ပါ။

၅။ ရုပ်ရှင်သွားကြည့်ပါ

Source: studentedge.org

စစချင်းမှာတော့ တစ်ယောက်တည်းရုပ်ရှင်ကြည့်ဖို့ဆိုတာ ခက်ခဲနိုင်ပေမယ့် သွားကြည့်ကြည့်ပါ။ အဖော်စောင့်နေလို့ မကြည့်ဖြစ်တာကြာသွားမယ်ဆိုရင်  ကိုယ့်အတွက် ပေးရမယ့် အချိန်တွေက တဖြည်းဖြည်းနဲ့ နည်းသထက် နည်းသွားပါလိမ့်မယ်။

၆။ ခရီးသွားပါ

Source: TourBar

ကိုယ်မရောက်ဖူးတဲ့ နေရာတွေ၊ ဒေသတွေကို တစ်ယောက်တည်းခရီးသွားကြည့်ပါ။ ကိုယ်နေကျ နေရာတစ်ခုတည်းကနေ ကြိုးစား ရုန်းထွက်ပြီး စိတ်လွတ်ကိုယ်လွတ်ခရီးသွားပါ။

၇။ အခန်းအလှဆင်ပါ

Source: wikiHow

ကိုယ်နေထိုင်တဲ့ အိမ်၊ အခန်းတွေရဲ့ အပြင်အဆင်လေးတွေကို ပြောင်းလဲလိုက်ခြင်းကလည်း စိတ်ခံစားချက်ကိုပါ တိုးတက်ပြောင်းလဲသွားစေနိုင်ပါတယ်။

၈။ DIY လေးတွေလုပ်ကြည့်ပါ

Source: Creme de la Craft

အိမ်မှာနေရင်းနဲ့လည်း အေးအေးဆေးဆေးလေး ကိုယ်ဝါသနာပါရာ DIY လေးတွေကို ပေါ့ပေါ့ပါးပါးပြုလုပ်နိုင်ပါတယ်။ အကယ်လို့ ပြုလုပ်နည်းလေးတွေကို လိုချင်တယ်ဆို၇င်တော့ Pinterest မှာ အများကြီးရှိပါတယ်နော်။

Featured Image Source: Mimosa And Girls