လက်သည်းပုံဖော်ရတာကို ဝါသနာပါတဲ့မိန်းကလေးတွေအတွက် ချစ်စရာကောင်းတဲ့ သစ်သီးပုံလက်သည်းဒီဇိုင်း ဆန်းဆန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးတွေကိုကြည့်ပြီး လက်သည်းပုံဖော်ချင်စိတ်တွေ ပေါက်သွားမှာသေချာပါတယ်။

လက်သည်းအဖြူပေါ်မှာမှ ချယ်ရီသီးအနီရောင်လေးတွေကို ပုံဖော်ထားတာဖြစ်လို့ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းချစ်စရာကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ လိမ္မော်သီးပုံလေးကို ပုံဖော်ထားတာဖြစ်လို့ ဒီဇိုင်းဆန်းပြီး ချစ်စရာကောင်းပါတယ်။

ဒီလိုလေးလည်း လက်သည်းအရောင်လေးတွေကိုစပ်ဆိုးပြီး ပုံဖော်လို့ရပါသေးတယ်။

လက်သည်းဒီဇိုင်းကို သစ်သီးပုံအစုံလည်း ပုံဖော်လို့ရပါသေးတယ်။

အစိမ်းရောင်ကြိုက်တဲ့သူတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ကြိုက်မယ်လို့ ထင်ပါတယ်။

ဖရဲသီးပုံလေးကိုလည်း ချစ်စရာကောင်းအောင် ပုံဖော်လို့ရပါတယ်။

လက်သည်းအကြည်ပေါ်မှာမှ ရိုးရိုးရှင်းရှင်းလေးလည်း ပုံဖော်လို့ရပါတယ်။

ဒီဇိုင်းဆန်းချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။

Photo Source: www.pinterest.com