အားလုံးပဲမဂ်လာပါနော်။ လူငယ်တွေအတွက် ဖက်ရှင်တွေဆိုတော့ ပေါ့ပေါ့ပါးပါးလေးပဲ စုစည်းပေးထားပါတယ်။

လူငယ်ဆိုတာ ဖက်ရှင်ကို အမြဲတမ်း မရိုးအောင်ဝတ်ဆင်လေ့ရှိပြီး ဖက်ရှင်ရေစီးကြောင်းတွေကလည်း အမြဲတမ်းလိုလို ပြောင်းလဲနေလေ့ရှိပါတယ်။

ခေတ်နဲ့အညီ ဝတ်စားကြတာယ်ဆိုပေမယ့် လူငယ်တွေရဲ့မျက်လုံးမှာလည်းလန်းနေမယ်။ လူကြီးတွေနဲ့ မျက်လုံးမှာလည်း အမြင်မရိုင်းအောင် ဖက်ရှင်ကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်နော်။

ဒီတခါမျှဝေပေးမှာက ရိုးရှင်းပြီး လူငယ်တွေအဝတ်များတဲ့ဖက်ရှင်လေးတွေဆိုတော့ MyStyle Myanmar က စာဖတ်သူ လူငယ်တွေလည်း သဘောကျမယ်ထင်ပါတယ်နော်။

ဂျင်းဘောင်းဘီအရှည်လေးတွေ၊ အတိုဘေးတွေ၊ စကတ်လေးတွေနဲ့ လူငယ်တွေ ရွေးချယ်လေ့ရှိတဲ့ ဖက်ရှင်လေးတွေဖြစ်ပါတယ်။

တစ်ချက်လောက်အတူတူကြည့်လိုက်ရအောင်နော်။

Photo: www.pinterest.com

By: MyStyle Myanmar