ဆံကေသာ သန်စွမ်းဖို့ဆိုတာ အလှကုန်ပစ္စည်းတွေပဲ အသုံးပြုပေးလို့မရပါဘူး။ ဆံကေသာအလှအပဟာ အမျိုးသမီးတွေရဲ့ တန်ဖိုးထား မြတ်နိုးရတဲ့ အလှတရားမို့ ခေါင်းလျှော်ရည်၊ ဆံပင်ပေါင်းတာ၊ ဆံပင်ကိုညှပ်ပေးတာမျိုး မကြာခဏ လုပ်ပေးတတ်ပြီး ဆံကေသာကို ဂရုစိုက်ကြပါတယ်။ ဒါနဲ့တင်မလုံလောက်ပါဘူး။ ဆံကေသာသန်စွမ်းစေတဲ့ အစားအစာတွေကိုလည်း စားသုံးပေးဖို့လိုအပ်ပါတယ်။

၁။ ဆဲလ်မွန်ငါး

Omega 3 Fatty Acid ဟာ ဆံပင်ပေါက်တဲ့ Follicle လေးတွေကို သန်စွမ်းစေပြီး ဆံကေသာသန်စွမ်းဖို့ လှုံ့ဆော်ပေးပါတယ်။ ဆဲလ်မွန်ငါးမှာ အဲဒီ acid ဓာတ်အပြင် သံဓာတ်နဲ့ ဗီတာမင် B12 ပါဝင်လို့ ဆံကေသာကို အမြန်ဆုံးသန်စွမ်းစေပါတယ်။

၂။ ကမာ

ကမာမှာ ဇင့်လ်ဓာတ်ပါဝင်ပြီး သင့်ဆံကေသာကို အမြန်ဆုံးသန်စွမ်းတောက်ပြောင်စေပါတယ်။ ကမာမကြိုက်ရင်တော့ အမည်းသား၊ဝက်သားတွေကို အစားထိုးစားပေးနိုင်ပါတယ်။

၃။ ကြက်သား

ကြက်သားမှာ ပရိုတင်းဓာတ်ပါဝင်ပြီး ဆံကေသာအတွက်ကောင်းမွန်ပါတယ်။ ကြက်သားကိုလည်းစားပေးသင့်ပါတယ်။

၄။ ကြက်ဥ

ကြက်ဥမှာ ဆံကေသာသန်စွမ်းဖို့လိုအပ်တဲ့ ပရိုတင်းနဲ့ ဘိုင်အိုတင်းဓာတ်တွေပါဝင်ပါတယ်။ ကြက်ဥကို စားရုံသာမက ကြက်ဥနဲ့ ပေါင်းတင်ပေးလို့လည်းရပါတယ်နော်။

၅။ ဗာဒံစေ့

ဗာဒံစေ့မှာ ဗီတာမင် e ပါဝင်ပြီး ဆံကေသာကို အမြန်ဆုံးသန်စွမ်းစေပါတယ်။ ဗာဒံစေ့မှာ ဘိုင်အိုတင်း၊ဗီတာမင် ဘီနဲ့ Fatty Acids ဓာတ်တွေလည်းပါဝင်ပါတယ်။

၆။ ဖရုံစေ့

ရွှေဖရုံစေ့မှာ ဆံကေသာသန်စွမ်းဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်လို့ ရွှေဖရုံစေ့ကိုလည်းစားပေးသင့်ပါတယ်။

၇။ ပဲဟင်း

ပဲဟင်းမှာ သံဓာတ်ပါဝင်ပြီး ဆံကေသာကို သန်စွမ်းစေပါတယ်။ ဒါ့အပြင် ဦးရေပြားအတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။