မင်္ဂလာပါနော်။ လူတစ်ယောက်နဲ့ တစ်ယောက် မျက်နှာကျပုံတွေ မတူညီကြပါဘူး။ ဒါ့ကြာင့် မိမိရဲ့ မျက်နှာကျပုံနဲ့ မိမိရွေးချယ်တဲ့ ဆံပင်ပုံစံ လိုက်ဖက်ဖို့လိုပါတယ်။ ဒီတခါမှာတော့ မိမိမျက်နှာကျပုံနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ရွေးချယ်နိုင်ဖို့ မျှဝေပေးသွားမှာပါ။

၁။ မျက်နှာဝိုင်းဝိုင်း

မျက်နှာဝိုင်းတဲ့သူတွေကတော့ ဆံပင်အတိုမညှပ်ပါနဲ့။ ဆံပင်အတိုညှပ်မယ်ဆိုရ်ငလည်း ပါးထက် တိုအောင်မညှပ်ပါနဲ့နော်။

ဆံပင်ရှည်ရှည်ဖြောင့်ဖြောင့်လေးတွေ၊ ဆံပင်အဖျားခုတ်ထားတဲ့ ပုံလေးတွေ၊ ဆံပင် ခပ်ဖွဖွလေးစည်းပေးတာမျိုးတွေက လိုက်ဖက်ပါတယ်။

၂။ လေးထောင့်ကျတဲ့ မျက်နှာ

လေးထောင့်ကျတဲ့ မျက်နှာပိုင်ရှင်ကလည်း ဆံပင်အရှည်နဲ့ ပိုလိုက်ပါတယ်နော်။ ပါးပြင်ကို ဖုံးထားတဲ့ ဆံပင်ကေမျိုးဆို လိုက်ဖက်ပါတယ်။ အလွှာလေးတွေအလိုက်ညှပ်ထားတဲ့ ပုံစံတွေ၊ ဆံပင်ရှည်ရှည်ကောက်ကောက်လေးတွေနဲ့ ဆံပင်ဘေးခွဲ ကေခုတ်တာမျိုးတွေ လိုက်ဖက်ပါတယ်။

၃။ အသည်းပုံမျက်နှာ

အသည်းပုံမျက်နှာရှိတယ်ဆိုရင်တော့ သင်ဟာ ဆံပင်မတိုမရှည်နဲ့ လိုက်ဖက်ပါတယ်နော်။ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ဖော်ပြပေးလိုက်ပါတယ်။

၄။ စိန်ပုံစံမျက်နှာ

သင့်မျက်နှာကျပုံက စိန်ပုံစံလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ ဆံပင်မတိုမရှည်တွေ ကလိုက်ဖက်ပါတယ်။ ဆံပင်တိုတိုလေးကလည်း လိုက်ဖက်ပါတယ်။

၅။ ထောင့်မှန်စတုဂံလို မျက်နှာကျ

ဒီလိုမျက်နှာကျတွေကတော့ Bob-Cut ကေနဲ့ လိုက်ဖက်ပါတယ်။ ပါးပြင်နဲ့ ပါးရိုးကို ဖုံးတဲ့ ဆံပင်ပုံစံမျိုးထားပါ။ ဆံပင်မတိုမရှည်တွေ၊ Wave ပုံစံလေးတွေ လိုက်ဖက်ပါတယ်။

၆။ ကြက်ဥလိုမျက်နှာကျ

ကြက်ဥပုံစံလို မျက်နှာကျတွေကလည်း Bot-Cut (သို့) ဆံပင်မတိုမရှည်လေးတွေနဲ့ လိုက်ဖက်ပါတယ်။