အားလုံးပဲမင်္ဂလာပါနော်။ Gym သွားစရာမလိုဘဲ မိမိအိမ်မှာပဲ အလွယ်တကူ အဆီတွေကို လောင်ကျွမ်းစေဖို့အတွက် လေ့ကျင့်ခန်းလေး ပြုလုပ်ပေးလို့ရပါတယ်။

အိမ်မှာပဲလုပ်ရမှာဆိုတော့ ပျင်းနေကြမယ်ထင်တယ်နော်။ ဒါပေမယ့် တကယ်အဆီကျချင်တယ်။ သွေးလည်ပတ်မှုကောင်းပြီး လှပတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီအကြောလျှော့လေ့ကျင့်ခန်းလေးကို အခုပဲလိုက်လုပ်လိုက်ရအောင်။

၁။ Forward Bend

အရင်ဆုံး မတ်တပ်ရပ်ပါ။ ခြေထောက်နှစ်ဖက်ကိုစုထားပါ။ ပြီးရင် ခန္ဓာကိုယ်ကို အရှေ့ဖက် ကိုင်းချလိုက်ပါ။ ဒူးကိုဖြောင့်ဖြောင့်ထားပါ။ အဲဒီလိုပုံစံလေးအတိုင်းပဲနေပေးပြီး အသက် ၄ ခါလောက်ရှူပေးပါ။ ပြီးရင်ပြန်မတ်ပါ။ ၃ ကြိမ်လုပ်ရပါမယ်။

၂။ Lying Twist

အရင်ဆုံး ပက်လက်လေးအိပ်နေပါ။ အခုပုံမှာပြထားသလို ခြေထောက်တစ်ဖက်ကို ဒူးလေးကွေးပြီး ထားပါ။ လက်နှစ်ဖက်ကိုဆန့်ပြီး ခြေထောက်ကွေးထားတဲ့ဖက်ကို မျက်နှာလှည့်ပါ။ ပြီးရင် အကြောလေးကို ဆန့်ထားလိုက်ပါ။ ပြီးရင်တော့ နောက်တစ်ဖက်ပြောင်းလုပ်ပါ။

၃။ Boat Pose

အခုပုံမှာပြထားသလိုပဲ လှေပုံစံမျိုး နေပေးရမှာဖြစ်ပါတယ်။ အသက် ၅ ခါ ရှူတဲ့ အချိန်လောက်နေပေးပါ။

၄။ Cat and Cow

ကြောင်နဲ့ နွားလိုပုံစံမျိုးလုပ်ပေးရမှာဖြစ်ပါတယ်။ အခုပုံမှာပြထားသလိုပါပဲ။ အရင်ဆုံး ကြောင်ပုံစံလေးနေပေးလိုက်ပြီး ခါးကိုဆန့်လိုက်ပါ။ ၄ ကြိမ်လုပ်ပါ။

၅။ Abdominal Twist

အခုပုံမှာပြထားသလိုမျိုးနေပေးပါ။ လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ကျောကို ကြမ်းပြင်နားထိမချဘဲထားပါ။ ဘယ်ဖက်ခြေထောက်မလိုက် ညာဖက်တစ်ဒေါင်နဲ့ထိထားပေးပါ။ အဲဒီအတိုင်း ၁ မိနစ်လောက်နေပေးပါ။ ကျန်တစ်ဖက်ကို လုပ်ပါ။

Photo: www.brightside.me

By : MyStyle Myanmar