မင်္ဂလာပါနော်။ မော်ဒယ်လ် မေမြတ်နိုးကို အားလုံးရင်းနှီးကြမှာပါနော်။

အရမ်းလည်းချစ်စရာကောင်းပြီးအရမ်းလည်းဖက်ရှင်ကျတဲ့ မေမြတ်နိုးက မြန်မာနိုင်ငံရဲ့ မော်ဒယ်လောကမှာ နေရာရနေသူလေးဖြစ်ပါတယ်။

မေမြတ်နိုးက ၂၀၁၄ ခုနှစ် တောင်ကိုရီးယားမှာကျင်းပတဲ့ Miss Asia Pacific ဆုကိုရရှိခဲ့သူဖြစ်သလို Asia’s Next Top Model မှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

မေမြတ်နိုးကို ၁၉၉၈ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မွေးဖွားခဲ့တာပါ။

အရပ်အမြင့်ကတော့ ၁.၇၃ မီတာ (၅ပေ ၈ လက်မ) ရှိပြီး အရပ်မြင့်မြင့်နဲ့ ဘော်ဒီအမိုက်စား မော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်နော်။

ဖက်ရှင်မော်ဒယ်၊ Runway မော်ဒယ် အပြင် သရုပ်ဆောင်နဲ့ သီချင်းဆိုတာကိုလည်းလုပ်ဆောင် နေသူဖြစ်ပါတယ်။

မေမြတ်နိုးရဲ့ ဖက်ရှင်တွေက အမြဲတမ်းစတိုင်လ်ကျပြီး မိုက်နေတာပါပဲ။

အရမ်းလည်းချစ်စရာကောင်းပြီး ပရိသတ်တွေလည်း ချစ်ကြတဲ့ မေမြတ်နိုးရဲ့ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo: May Myat Noe Facebook Page