ရွေးချယ်စရာတွေများလွန်းလာတဲ့ခေတ်ကြီးမှာ၊ လမ်းထွက်လိုက်တိုင်း ဘယ်မိန်းကလေးမဆို ဖက်ရှင်ကျနေတဲ့ခေတ်ကြီမှာ ကိုယ်ကဂွမ်းနေလို့ မဖြစ်သေးပါဘူး။ ရွေးစရာအင်္ကျီတွေဘယ်လောက်များများ အပြင်ထွက်တော့မယ်ဆို ဝတ်စရာမရှိတော့တာကလည်း မိန်းကလေးတွေအတွက် ဒုက္ခတစ်မျိုးပါပဲ။

ဒါကြောင့်မို့လို့ Mystyle Myanmar ကနေပြီး ပျိုမေလေးတို့အတွက် ခေတ်လည်းမီ၊ အမြင်လည်းမရိုင်းဘဲ ပေါ့ပေါ့ပါးပါးဝတ်လို့ရမယ့် အထာကျကျ ထသွား၊ ထလာ Outfit design လေးတွေကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

ဘယ်ရာသီမဆို ပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့အဆင်လေးတွေဖြစ်တာကြောင့် သဘောကျလောက်မယ်ထင်ပါတယ်။

ဖက်ရှင်လို့ပြောရင် နေကာမျက်မှန်အပါအဝင် ရှူးဖိနပ်တွေကိုလည်း မေ့ထားလို့မရပါဘူး။

Accessories လေးတွေရဲ့ ပံ့ပိုးမှုကလည်းအရေးကြီးပါသေးတယ်။

Source: Pinterest