အသည်းကွဲပြီးသွားရင် မိန်းကလေးတွေပိုလှလာတယ်ဆိုတာ ယုံတမ်းစကားသက်သက်မဟုတ်ပါဘူးနော်။ သာမန်လူတစ်ယောက်ဆိုရင်တော့ သတိထားမိချင်မှ သတိထားမိမယ် ဒါပေမယ့် Celebrity တွေကိုတော့ ပိုပြီးသတိထားမိကြတယ်လေ။

ဒီမင်းသမီးတွေကတော့ မိန်းကလေးတွေ အသည်းကွဲပြီးမှပိုလှလာတယ် ဆိုတာကို သက်သေပြနေတဲ့သူတွေပါပဲ။

၁။ Khloe Kardashian

ခင်ပွန်းဟောင်း Lamar Odom နဲ့ ၄ နှစ်ပေါင်းခဲ့ပြီးမှ အဆင်မပြေမှုတွေ ကြောင့် ၂၀၁၃ ခုနစ်မှာ လမ်းခွဲခဲ့ကြပါတယ်။ Keeping Up With The Kardashians အစီအစဉ်မှာ သူမရဲ့ ခံစားချက်တွေကို ရင်ဖွင့်ခဲ့ပါသေးတယ်။ လမ်းခွဲပြီးသိပ်မကြာခင်မှာပဲ Khloe က လေ့ကျင့်ခန်းပုံမှန်စလုပ်ပါတယ်။ ဆံပင်ကိုလည်း ငွေရောင်ဖျော့ဖျော့ဆိုးလိုက်ပြီး ၀တ်ပုံစားပုံတွေပါ ပြင်ဆင် ခဲ့ပါတယ်။ အခုဆိုရင်တော့ လုံးဝကို လူမှားလောက်အောင် မိုက်နေပါပြီ။ Khloe ရဲ့ အကြံပေးစကားကတော့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ် ပေးရင် စိတ်ဖိစီးမှုတွေလည်း လျော့နည်းသွားပါလိမ့်မယ်တဲ့။

၂။ Katy Perry

ခင်ပွန်းဖြစ်သူ Russell Brand နဲ့ ၂၀၁၁ ခုနစ်တုန်းက အိမ်ထောင်သက် ၂ နှစ်ကျော်မှ လမ်းခွဲခဲ့ကြပါတယ်။ Russell က Katy ရှိုးပွဲတစ်ခုကို ဖျော်ဖြေခါနီး ကာမှ စာလေးတစ်စောင်ပဲ ပို့ပြီး လမ်းခွဲလိုက်တာဖြစ်ပါတယ်။ အကြီးအကျယ်ဖျော်ဖြေပွဲကို ရှေ့ထားပြီး အသည်းကွဲဖို့ အခြေအနေမပေးတဲ့အခါ Katy တစ်ယောက် စိတ်လျှော့လိုက်ပြီး အဲဒီပွဲကို အကောင်းဆုံးဖျော်ဖြေပေးခဲ့ပါတယ်။ ဘယ်လောက်ပဲ စိတ်ထိခိုက်စရာတွေ ရှိပါစေ Katy ကတော့ အကောင်းဆုံးကြံ့ကြံ့ခံနိုင်ပြီး တစ်နေ့ထပ် တစ်နေ့ ပိုလှလာတာကိုတော့ ငြင်းလို့မရပါဘူး။

၃။ Sarah Hyland

သူမကတော့ ၄ နှစ်တာ တွဲခဲ့ရတဲ့ ချစ်သူနဲ့ လမ်းခွဲခဲ့ရပါတယ်။ တွဲခဲ့စဉ် ကာလတွင်းမှာလည်း သူမရဲ့ ချစ်သူက စကားအရာဖြင့်သော်လည်းကောင်း ကိုယ်ထိလက်ရောက်သော်လည်းကောင်း သူမကိုအမြဲတမ်းအနိုင်ကျင့် တတ်သူတစ်ယောက်ဆိုတာကို သူမရဲ့ ပရိသတ်တွေ အကုန်လုံးသိပါတယ်။ ဒီလို အဆိပ်သင့်နေတဲ့ ဆက်ဆံရေးကနေ ထွက်လာခဲ့ပြီး စိတ်ထိခိုက်မှုတွေကြောင့် သူမရဲ့ အလုပ်တွေအကုန်လုံးကို ရပ်နားခဲ့ပါတယ်။ လအနည်းငယ်အကြာ မှာတော့ သူမရဲ့ပုခုံးလောက်ရှည်တဲ့ဆံပင်ကို နားရွက်သာသာလောက်ထိ ညှပ်ပစ်လိုက်ပြီး လုံးဝ အမြင်သစ် ပုံစံသစ် နဲ့ ပရိသတ်တွေရှေ့ကို ပြန်ရောက်လာခဲ့ပါတယ်။

၎။ Perrie Edwards

သူမကတော့ ခပ်မိုက်မိုက်ကောင်မလေးတွေ စုဖွဲ့ထားတဲ့ Little Mix အဖွဲ့ဝင်တစ်ယောက်ပါ။ သူမရဲ့ ချစ်သူဟောင်းကတော့ တခြားသူ မဟုတ်ပါဘူး။ One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ပါ။ ၄ နှစ်ကျော် တွဲခဲ့ပြီး ၂ နှစ်ကျော်အချိန်ကတော့ စေ့စပ်ထားပြီး ဖြတ်သန်းခဲ့ပါတယ်။ စေ့စပ်ပြီးထားတဲ့ ဆက်ဆံရေးကို Zayn ကတော့ စာလေးတစ်စောင်ပဲ ပို့ပြီး Perrie ကို အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။ Perrie က လမ်းခွဲပြီးသိပ်မကြာခင်မှာပဲ Shout Out to my Ex သီချင်းကို အဖွဲ့လိုက်အနေနဲ့ ထွက်ခဲ့ပြီး ၀က်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။

၅။ Kendra Wilkinson

ခင်ပွန်းဖြစ်သူနဲ့ ၉ နှစ် အိမ်ထောင်သက်တမ်းရှိခဲ့ပြီး ၂၀၁၈ ခုနစ်တုန်းက လမ်းခွဲခဲ့ပါတယ်။ တီဗီအစီအစဉ်တစ်ခုမှာ “ ကျွန်မတတ်နိုင်သလောက် လုပ်ပေးခဲ့တယ် ဒါပေမယ့် မလုံလောက်ခဲ့ဘူး။ ကျွန်မသူ့ကို အမြဲတမ်းချစ်နေမှာပါ။ သူ့အတွက် နှလုံးသားကို အမြဲတမ်းဖွင့်ထားမှာပါ “ လို့ မျက်ရည်တွေကျရင်း ဖြေခဲ့ပါသေးတယ်။ လမ်းခွဲပြတ်ဆဲပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ သူမရဲ့ ငွေရောင်ဆံပင်တွေကို ညှပ်လိုက်ပြီး အညိုရောင်ဆိုးလိုက်ပါတယ်။ အရင်ထက်ပို လှပြီး နုသွားတာကို တွေ့ရမှာပါ။

၆။ Olivai Culpo

Olivia ကလည်း ရေရှည်ဆက်ဆံရေးကနေ လမ်းခွဲထားရတဲ့သူတစ်ယောက် ပါပဲ။ သူမက အခုတော့လက်ထပ်သွားပြီဖြစ်တဲ့ Nick Jonas နဲ့ ၂ နှစ်တာ အဝေးရောက်ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အင်တာဗျူးတစ်ခုမှာ Nick က သူမအတွက် ဆုတောင်းပေးကြောင်းဖြေခဲ့ပြီး အဲဒီနေ့မှာပဲ Olivia က သူမရဲ့ ပရိသတ်တွေကို “ ကျွန်မအဆင်ပြေပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ် “ လို့တင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူမရဲ့ ကျောလယ်လောက်ထိရှည်တဲ့ ဆံပင်ကို မေးစေ့လောက်အရှည် ဖြစ်အောင် ညှပ်ပြီး ပုံစံပြောင်းခဲ့ပါတယ်။

၇။ Hilary Duff

Hilary က ခင်ပွန်းဖြစ်သူနဲ့ ၂၀၁၅ ခုနစ်မှာ သဘောထားမတိုက်ဆိုင်တော့လို့ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ လမ်းခွဲပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ သူမက ဆံပင်ကို စိမ်းပြာရောင်ဆိုးလိုက်ပြီး အင်စတာဂရမ်မှာ “ မနေ့ညက ကျွန်မ ရေသူမဖြစ်သွားတယ် “ ဆိုတဲ့ စာနဲ့အတူ ဓာတ်ပုံလှလှလေးတင်ပြီး ပရိသတ်ရှေ့ကို ပြန်ရောက်လာခဲ့ပါတယ်။
ကဲ အသည်းကွဲနေတဲ့ချစ်တို့ရေ သူတို့တွေကိုကြည့်ပြီး အားမွေးလိုက်တော့နော်။ ဘာကြည့်နေတာလဲ အလှပြင်ဆိုင်သွားတော့လေ။