ခါးသေးတင်ရှိမှ မြန်မာဝတ်ဆုံးလေးဝတ်တာ ယုံကြည်မှုရှိစေတယ်နော်။ မြန်မာဝတ်စုံလေးမဟုတ်ဘဲ တခြားဝတ်စုံလေးဝတ်မယ်ဆိုရင်လည်း တင်သားလေးရှိမှ ပိုပြီးပြည့်စုံတာပါ။

တင်သားလည်းလှပြီး ပေါင်မှာစုနေတဲ့အဆီတွေကျစေဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်း ၅ မျိုးကို မျှဝေပေးချင်ပါတယ်။

လေ့ကျင့်ခန်း ၁

အရင်ဆုံး ခြေထောက်နှစ်ဖက်ကိုတပြေးညီရပ်ထားပါ။ အလေးမတစ်ခုကိုကိုင်ထားပြီး ဘယ်ဖက်ခြေထောက်ကို နောက်ဆုတ်ပါ။ ဘယ်ဖက်ခြေထောက်ကို တဖြည်းဖြည်းမတင်လိုက်ရင် အလေးတုံးကလေး အောက်ကိုတန်းတန်းလေးရောက်သွားအောင်ချပေးပါ။ ပြီးရင် နဂိုအတိုင်းပြန်နေပါ။ တစ်ဖက်ကို ၁၀ကြိမ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

အရင်ဆုံးကိုယ်ကိုမတ်မတ်ရပ်ပါ။ ပြီးရင် လက်ကိုခါးထောက်တာပဲဖြစ်ဖြစ် အလေးတုံးအသေးတစ်ခုခုမထားတာပဲဖြစ်ဖြစ်လုပ်ပေးပါ။ ဒူးကွေးထိုင်ပြီး ခြေထောင်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံမျိုး လုပ်ပေးပါ။ အနောက်ခြေထောက်ကိုလည်း ကွေးပြီး အရှေ့ခြေထောက်ကိလည်း ကိုယ်ကွေးနိုင်သလောက်ကွေးပါ။

ဘယ်ညာ ၁၀ ကြိမ်ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၃

လေးဖက်ထောက်လိုက်ပါ။ ပြီးရင်ခြေထောက်တစ်ဖက်ကို ဘေးတန်းတန်းဆန့်ကားပြီး အနောက်တန်းတန်းပြန်ရွှေ့ပါ။ ပြီးရင် နဂိုအတိုင်းပြန်နေပါ။ တစ်ဖက်ကို ၁၀ ကြိမ်ဆီဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၄

ခုံအပုလေးတစ်လုံးပဲဖြစ်ဖြစ် အတုံးတစ်ခုခုပဲဖြစ်ဖြစ် ရှေ့မှာချထားပါ။ ပြီးရင်ခြေထောက်တစ်ဖက်ကိုတင်ပြီး အပေါ်တက်ကာ ကျန်တစ်ဖက်ကို ဒူးထောင်မြောက်ပေးပါ။ တစ်ဖက်ကို အကြိမ် ၂၀ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၅

ဒိုက်ထိုးမယ့်ပုံစံမျိုး လေးဖက်ထောက်ပါ။ လက်ကိုတဒေါင်ဆစ်နဲ့ထောက်ပေးပါ။ ခြေထောက်တစ်ဖက်ကို မြောက်နိုင်သဘောက် မြောက်ပေးပါ။ တစ်ဖက်ဆီကို ၁၀ ကြိမ်ဖြစ်ပါတယ်။