အားလုံးပဲမင်္ဂလာပါနော်။ ပျိုမေတို့အားလုံးအတွက် ဒီတခါမှာတော့ တစ်နေ့ကို ၁၀ မိနစ်လောက် လုပ်ပေးရမယ့် လေ့ကျင့်ခန်းလေးတွေကို မျှဝေပေးချင်ပါတယ်နော်။

၁။ Squat လုပ်မယ်

ဒူးနှစ်ဖက်ကို အပြင်ထုတ်ပြီး Squat လေ့ကျင့်ခန်းကို လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်နေ့ကို ၁၀ ကြိမ် ၄ ကြော့လုပ်ပေးပါ။

၂။ Lunges

ခြေထောက်ကို အရှေ့ဖက်လှမ်းပြီး ကျန်တဲ့ဒူးတစ်ဖက်ကို ကြမ်းပြင်နဲ့ ထိလုနီးပါး ထောက်ပေးရပေးရမှာဖြစ်ပါတယ်။ ၁၀ ကြိမ်လုပ်ပေးပါ။ ၄ ကြော့လုပ်ပေးရပါမယ်။

၃။ ဒူးအပြင်မထုတ်ဘဲ Squat ထိုင်မယ်

အခုပုံမှာပြထားသလိုပဲ ဒူးကို အပြင်မထုတ်ဘဲ Squat ထိုင်ပေးရမှာဖြစ်ပါတယ်။ ၁၀ ကြိမ် ၄ ကြော့လုပ်ပေးပါ။

၄။ ခြေထောက်နှစ်ဖက်ကို စုပြီး Squat ထိုင်မယ်

ဒူးနှစ်ဖက်ကို စုပြီး Squat ထိုင်ပေးရမှာဖြစ်ပါတယ်။ ၁၀ ကြိမ် ၄ ကြော့လုပ်ပေးရမှာဖြစ်ပါတယ်။

၅။ ဒိုက်ထိုးမယ်

ဒိုက်ကိုတစ်ဝက်လောက်ပဲထိုးရမှာဖြစ်ပါတယ်။ ဗိုက်နဲ့ ရင်ဘတ်ကိုပဲ အဓိကထားရမှာပါ။ တင်နဲ့ ခြေထောက်ကိုတော့ ကြမ်းပြင်မှာပဲချမ်ခဲ့ပါ။ ၁၀ ကြိမ်၂ ကြော့လုပ်ပေးပါ။

၆။ အိပ်ထမတင် တစ်ဝက်လောက်ပဲထပါ (၁)

အိပ်ထမတင်လုပ်ပေးရပါမယ်။ အကြိမ် ၂၀ လုပ်ပေးပါ။ ၂ ကြော့လုပ်ပေးပါ။

၇။ အိပ်ထမတင် အပြည့်ထမယ် (၂)

အိပ်ထမတင် အပြည့်ထပေးရမှာဖြစ်ပါတယ်။ အခုပုံမှာပြထားသလိုပါပဲ။ အကြိမ် ၂၀ ကို ၃ ကြော့လောက်လုပ်ပေးပါ။

၈။ အိပ်ထမတင် (၃)

အခုပုံမှာပြထားသလိုပါပဲ။ ညာဖက်ဒူးနဲ့ ဘယ်ဖက်လက်တစ်ဒေါင်၊ ဘယ်ဖက်ဒူးနဲ့ ညာဖက်လက်တစ်ဒေါင် ထိလုနီးပါးဖြစ်အောင် အိပ်ထမတင်လုပ်ပေးရမှာပါ။ ၁၀ ကြိမ် ၄ ကြော့ဖြစ်ပါတယ်။

၉။ ခြေထောက်မတင်မယ်

ခြေထောက်နှစ်ဖက်ကို အပေါ်ဖက်မတင်ပေးရမှာဖြစ်ပါတယ်။ ၁၀ ကြိမ် ၄ ကြော့လုပ်ပေးပါ။

Source: www.brightside.me