အားလုံးပဲမင်္ဂလာပါနော်။ အဆီပိုကင်းပြီး ကျစ်လျစ်လှပတဲ့ ပေါင်တံလေးကိုပိုင်ဆိုင်ဖို့ ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ Gate Swings

အရင်ဆုံး ခြေထောက်နှစ်ဖက်ကို ကားပြီး မတ်မတ်နေပါ။ ပြီးရင်ထိုင်ချလိုက်ပြီး အပေါ်ကိုခုန်ပြီးပြန်ထပါ။ ထလိုက်တဲ့အခါ ခြေထောက်နှစ်ဖက်ကိုကျက်ခြေခတ်လိုက်ပါ။

ထပ်ခုန်ပြီးခြေထောက်နှစ်ဖက်ကို ကားလိုက်ပါ။ ဒီလိုလုပ်တာက ပေါင်အတွင်းဖက်ကအဆီတွေကိုကျစေသလို တင်သားကိုလည်း လှပလာစေပါတယ်။ ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။

၂။ Lunge Back Kicks

အရင်ဆုံး ခြေထောက်နှစ်ဖက်ကိုကားပြီးနေပါ။ ခြေထောက်တစ်ဖက်ကိုအရှေ့တိုးလိုက်ပြီး ကျန်တစ်ဖက်ကို ကြမ်းပြင်နဲ့မထိအောင်ညွှန့်ချလိုက်ပါ။

အဲဒီနောက်ပြန်ထပြီး ခြေထောက်ကို အနောက်ဖက်ကန်လိုက်ပါ။ ပြီးရင်နဂိုအတိုင်းပြန်နေပါ။ တခါလုပ်ရင် စက္ကန့် ၃၀ ခန့်လုပ်ပေးပြီး ၂ ကြော့ပြန်လုပ်ပေးပါ။

၃။ Clamshell

အရင်ဆုံးဘေးလေးစောင်းလိုက်ပြီး ဒူးကိုအလိုက်သင့်လေးကွေးထားပါ။ လက်တစ်ဖက်ကို ခေါင်းနောက်မှာထား တဖက်ကိုကြမ်းပြင်မှာတင်ထားပါ။ ပုံမှာပြထားသလို အပေါ်မှာတင်ထားတဲ့ပေါင်တစ်ဖက်ကိုကားပေးလိုက်ပါ။ ကားနိုင်သလောက်ထားပေးပါ။ တစ်ဖက်ကို အကြိမ် ၂၀ ဆီ ၂ ကြော့လုပ်ပေးပါ။

၎။ Side Plank Leg Raise

ဘေးစောင်းလေးနေပေးလိုက်ပြီး ခြေထောက်တစ်ဖက်ကိုမြောက်ပေးပါ။ ပြီး၇င်ပြန်ချပါ။ တစ်ဖက်ကို အကြိမ် ၂၀ ဆီနဲ့ ၂ ကြော့လုပ်ပေးပါ။

၅။ Pelvic Tilt Leg Raise

အရင်ဆုံးပက်လက်နေပါ။ ဒူးကိုကွေးထားပါ။ တစ်ဖက်ကိုထောင်ထားပါ။ ပြီးရင်ပုံမှာပြထားသလို ခန္ဓာကိုယ်ုကို ကြွပေးလိုက်ပါ။ ခဏလေးနေပြီး ပြန်ချပါ။ တခါလုပ်ရင် တစ်ဖက်ကို ၁၅ ခါ နဲ့ ၂ ကြော့လုပ်ပေးပါ။

၆။ Donkey Kick

အရင်ဆုံးလေးဖက်ထောက်ပေးပါ။ ပြီးရင်ခြေထောက်တစ်ဖက်ကိုမြောက်လိုက်ပါ။ ပြီးရင် ပြန်ချလိုက်ပါ။ တစ်ဖက်ကို ၂၀ ဆီ ၂ ကြော့လုပ်ပေးပါ။ ဒီလိုလုပ်နေချိန်မှာ ခေါင်းကို မမော့ပါနဲ့။ ကြမ်းပြင်ကိုကြည့်နေပါ။ ခါးကိုလည်း မတ်မတ်ထားပါ။

Photo: Brightside.me

By: MyStyle Myanmar