မိန်းကလေးတွေအများအားဖြင့် ခါးမှာ အဆီတွေစုနေတာကို သိပ်အနှောင့်အယှက်ဖြစ်ကြပါတယ်။ တစ်ချို့က လူကတော့ ပိန်ပိန်ပါးပါးပေမယ့် ခါးမှာအဆီတွေ စုနေတတ်ပါတယ်။

ခါးက အဆီတွေကို လျှော့ချစေဖို့အတွက် အခုဖော်ပြမယ့် လေ့ကျင့်ခန်းတွေအပြင် အစားအသောက်ဆင်ခြင်သင့်ပါတယ်။ ရေများများသောက် အိပ်ရေး၀၀အိပ် အစားမှန်မှန်စားပါ။ ညစာလျှော့စားပါ။ အသီးအရွက်များများစားပါ။

အခုလေ့ကျင့်ခန်းကို ညအိပ်ယာဝင်ခါနီးပဲဖြစ်ဖြစ် မနက်အိပ်ယာနိုးနိုးချင်းပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။

၁။ အရင်ဆုံး ကျောလှဲလိုက်ပါ။ ပြီးရင် ဒူးကို အခုလို ထောင်ထားပြီး အိပ်ထမတင်လုပ်ပေးပါ။ ဝမ်းဗိုက်က ကြွက်သားတွေကို အဓိက အားစိုက်ပြီးလုပ်ပေးရမှာပါ။ ၁၀ ကြိမ်လုပ်ပေးပါ။

၂။ ကိုယ်ကို မတ်မတ်နေပြီး ခြေထောက်ကိုလည်း မတ်မတ်ထားပါ။ ပြီးရင် လက်နှစ်ဖက်ကို မြောက်လိုက်ပါ။ အဲဒီနောက် တစ်ဖက်တစ်ချက်ဆီကို ကိုင်ပေးပါ။ ခါးနဲ့ ကိုယ်အပေါ်ပိုင်းပဲ ကိုင်းပေးရမှာပါ။ တင်မပါပါစေနဲ့နော်။ ၁၀ ကြိမ်ကနေ ၁၅ ကြိမ်ထိထုပ်ပေးပါ။

၃။ အရင်ဆုံး ကျောလှဲနေပါ။ ပြီးရင် တစ်ဒေါင်ဆစ်နဲ့ထောက်ပြီး ခန္တာကိုယ်အပေါ်ပိုင်းကို ထောင်ထားပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို မြောက်ပြီး တစ်ဖက်ဆီကို တင်လိုက်ချလိုက်လုပ်ပေးပါ။ ၁၅ ကြိမ်လုပ်ပေးပါ။

၄။ အရင်ဆုံး ကျောလှဲနေလိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကို ခေါင်းနားမှာ ကပ်ထားပါ။ ဒူးကွေးပြီး အပေါ်မလိုက်ပါ။ ပြီးရင် ဒူးကို ရင်ဘတ်နားထိ နီးနိုင်သမျှ နီးအောင်ပြီး ခေါင်းကိုလည်း ကြွပေးပါ။ ပြီးရင် နဂိုအတိုင်းပြန်နေပါ။ ၁၀ ကြိမ်ကနေ ၁၅ ကြိမ်ထိလုပ်ပေးပါ။

၅။ အရင်ဆုံး ကျောလှဲနေပါ။ ပြီးရင် လက်နှစ်ဖက်ကို ခေါင်းအောက်နားကိုကပ်လိုက်ပါ။ ပြီးရင် အသက်ကို ခပ်ပြင်းပြင်းရှုပါ။ ခြေထောက်နှစ်ဖက်ကို မြောက်လိုက်ပါ။ ပြီးရင် အဲဒီအတိုင်း ၁၅ စက္ကန့် စက္ကန့် ၂၀ ထိနေပါ။ ပြီးရင် နဂိုအတိုင်းပြန်ထားပါ။ ၁၀ ကြိမ်ကနေ ၁၅ ကြိမ်ထိလုပ်ပေးပါ။

၆။ ခန္ဓာကိုယ်ကို ဘေးစောင်းလှဲနေပါ။ ပြီးရင် အပေါ်ပိုင်းကို လက်လေးနဲ့ ထောက်ထားပါ။ ခြေထောက်တစ်ဖက်ပေါ်တစ်ဖက် တင်ထားပါ။ ပြီးရင် ခြေထောက်ကို တန်းတန်းမြောက်ပေးပါ။ တစ်ဖက်ကို ၁၅ ခေါက်ဆီလုပ်ပေးပါ။

၇။ အရင်ဆုံး ကျောလှဲနေပြီး ဒူးကွေးပြီး ထောင်ထားပါ။ လက်နှစ်ဖက်ကို ဘေးမှာ မှောက်လျက်ချထားပေးပါ။ ပြီးရင် တင်နဲ့ ခါးကို အပေါ်ကြွပေးပြီး ၁၅ စက္ကန့်နေပါ။ ၁၀ ကြိမ်လုပ်ပေးပါ။

၈။ အရင်ဆုံး မတ်တပ်ရပ်နေပါ။ ပြီးရင် လက်နှစ်ဖက်ကို လည်ပင်းနားလောက်မှာ ကပ်ထားပါ။ ပြီးရင် ဒူးတစ်ဝက်ထိ ထိုင်ချပြီး ထပေးပါ။ ၂၅ ခေါက်လုပ်ပေးရပါမယ်။