Beauty & Fashion | မိတ်ကပ် – Make Up | အလှအပ – Beauty

ညဖက်အပြင်သွားတဲ့အခါ ထင်းခနဲ ပေါ်နေစေမယ့် Snow White မိတ်ကပ်လိမ်းနည်း

March 10, 2018

ညဖက်အပြင်သွားတဲ့အခါ ထင်းခနဲ ပေါ်နေစေမယ့် Snow White မိတ်ကပ်လိမ်းနည်း

Share this on:

မင်္ဂလာပါနော်။ ဒီတခါမှာတော့ ညဖက်မှာ သင့်ကို အလှဆုံးဖြစ်နေစေမယ့် မိတ်ကပ်လိမ်းနည်းကို မျှဝေပေးသွားမှာပါ။

မိတ်ကပ်လိမ်းပုံအစကတော့ အားလုံးအတူတူပါပဲ။ Eyeshadow ချယ်သပုံနဲ့ နှုတ်ခမ်းနီပုံစံလေးပဲကွာသွားတာပါ။

ညဖက်အပြင်သွားတဲ့အခါ ထင်းခနဲ့ ပေါ်နေစေမယ့် Snow White အာရှမိတ်ကပ်လိမ်းနည်း

ထုံးစံအတိုင်း Moisturizer လိမ်းမယ်၊ Primer လိမ်းမယ်၊ ဖောင်ဒေးရှင်းလိမ်းမယ်၊ Concealer လိမ်းမယ်၊ ပြီးရင် ပေါင်ဒါလိမ်းလိုက်မယ်။

ပြီးရင်တော့ မျက်ခုံးမွှေးဆွဲလိုက်ပါမယ်။ Eyeshadow ချယ်တဲ့အခါ အရင်ဆုံး အောက်ခံကို အဖြူရောင် (သို့) အရောင်ဖျော့တာ လိမ်းလိုက်ပါ။ ပြီးရင်တော့ အပေါ်ကနေ အညိုဖျော့ရောင်လေးကို လိမ်းပေးလိုက်ပါမယ်။

ပြီးသွားရင်တော့ Medium Brown မျက်ခွံနဲ့ အပြင်ဖက်မှာ လခြမ်းပုံစံမျိုးလေး ယူလိုက်ပါမယ်။

ပြီးရင်တော့ Eyeliner လေးကို နည်းနည်းလေး ဆွဲလိုက်ပါမယ်။

ပြီးသွားရင် အညိုရင့်ရောင်လေးနဲ့ အပြင်ဖက်မှာ လခြမ်းလိုလေး လိမ်းပေးလိုက်ပါမယ်။

ပြီးရင်တော့ ရွှေအိုရောင်လေးနဲ့ မျက်ခွံပေါ်မှာ လိမ်းပေးလိုက်ပါ။

ဒါတွေပြီးသွားရင် ပုံမှာပြထားသလို Eyeshadow ရဲ့ အပြင်ဖက် မှာ Medium Brown လေးသုံးပြီးလိမ်းပေးလိုက်ပါမယ်။

ပြီးရင်တော့ အလယ်မှာ အညိုဖျော့ရောင်လေးကို လိမ်းပေးလိုက်ပါ။

ဒါတွေပြီးရင်တော့ လိုင်နာလေး ထပ်ဆွဲပေးလိုက်ပါ။

ပြီးရင် မျက်တောင်အတုလေး တပ်ပေးလိုက်ပါမယ်။

အဲဒါတွေပြီးရင်တော့ ပါးနီလေး ဆိုးပေးလိုက်ပါ။

ပြီးရင် ပါးနီအပေါ်ကနေ Highlighter လေး ဆိုးပေးလိုက်ပါ။

နှုတ်ခမ်းနီကို အနီရောင်တောက်တောက်လေးဆိုးလိုက်ပြီးအပေါ်ကနေ Lip Gloss လေး ဆိုးပေးလိုက်ပါနော်။

ညဖက်အပြင်သွားတဲ့အခါ ထင်းခနဲ့ ပေါ်နေစေမယ့် Snow White အာရှမိတ်ကပ်လိမ်းနည်း

User Rating

0 (0 Votes)
error: Alert: Copyright © 2018. MyStyle Myanmar