[Zawgyi]

မိန္းကေလးတစ္ေယာက္က ႐ုပ္ရည္ေလးလွေန႐ံုနဲ႔လည္း လွပတဲ့မိန္းကေလးတစ္ေယာက္လို႔ ေျပာလို႔ေတာ့မရေသးပါဘူး။ ခႏၶာကိုယ္ေလးကလည္း အဆီပိုေတြမရွိပဲ ခ်ပ္ခ်ပ္ရပ္ရပ္ေလးနဲ႔မွ ၾကည့္ေကာင္းၿပီးလွပႏိုင္မွာေပါ႔။ ဒါေၾကာင့္ လွပတဲ့ခႏၶာကိုယ္ေလးေတြကို ပိုင္ဆိုင္ထားတဲ့ မိန္းကေလးေတြဆီကေန အတုယူၿပီးလိုက္လုပ္ၾကည့္သင့္တဲ့ အက်င့္ေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ေရေႏြးကို ေကာ္ဖီေနရာမွာအစားထိုးၾကတယ္

ေကာ္ဖီဆိုတာ လူတိုင္းႀကိဳက္တဲ့ေသာက္စရာတစ္မ်ိဳးပါပဲ။ လူတိုင္းႀကိဳက္ႏွစ္သက္တယ္ဆိုေပမယ့္လည္း ခဏခဏေသာက္တာမ်ိဳးကေတာ့ မေကာင္းပါဘူး။ က်န္းမာၿပီး အဆီမရွိတဲ့ခႏၶာကိုယ္မ်ိဳးကို ပိုင္ဆိုင္ထားရတဲ့ မိန္းမလွေလးေတြကေတာ့ ေကာ္ဖီေသာက္ခ်င္လာတဲ့အခ်ိန္တိုင္းမွာ ေရေႏြးကိုပဲ အစားထိုးၿပီးေသာက္ၾကတာမ်ားပါတယ္။ ေရေႏြးကခႏၶာကိုယ္ထဲမွာရွိတဲ့ မေကာင္းတဲ့အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးႏိုင္ၿပီး အဆီေတြကိုလည္း သိသိသာသာေလ်ာ့က်လာေစပါတယ္။

ေရဓာတ္ျပည့္ဝေအာင္ေနထိုင္တယ္

ခႏၶာကိုယ္မွာ ေရဓာတ္ေကာင္းေကာင္းျပည့္ဝေနဖို႔က အေရးႀကီးတယ္ဆိုတာကိုေတာ့ သိထားၿပီးသားျဖစ္မွာပါ။ ေရမ်ားမ်ားေသာက္တာက အသားအေရကိုၾကည္လင္လွပလာေစၿပီး ခႏၶာကိုယ္ကအဆီေတြကို ေလ်ာ့က်ေစဖို႔လည္း ကူညီေပးႏိုင္မွာပဲျဖစ္ပါတယ္။

အခ်ိန္မွန္မွန္ပဲစားတယ္

အစားစားဖို႔ဆိုရင္လည္း အခ်ိန္မွန္မွန္ပဲစားတတ္တဲ့ အက်င့္ေကာင္းေလးက သူတို႔ဆီမွာရွိေနတယ္။ အစားစားခ်ိန္ေနာက္က်တာေတြ၊ အစာလြန္တာမ်ိဳးေတြမရွိတာေၾကာင့္ က်န္းမာေရးနဲ႔လည္းသင့္ေတာ္ၿပီး လွပတဲ့ခႏၶာကိုယ္ကိုလည္း ရရွိေစဖို႔အက်ိဳးျပဳေနတာပဲျဖစ္ပါတယ္။

ပဲကိုမ်ားမ်ားစားေပးတတ္တယ္

ပဲေတြမွာပါဝင္ေနတဲ့ အမွ်င္ဓာတ္ေတြက အာဟာရကိုလည္းျပည့္ဝေစၿပီး ခႏၶာကိုယ္ထဲမွာ အဆီပိုေတြမရွိေအာင္လည္း ထိန္းသိမ္းေပးထားႏိုင္ပါတယ္။

ဒါေတြကေတာ့ ခႏၶာကိုယ္လွပၿပီး အဆီမရွိတဲ့ခႏၶာကိုယ္မ်ိဳးကို ပိုင္ဆိုင္ထားရတဲ့ပ်ိဳေမတို႔ဆီမွာ ျမင္ေတြ႔ရတတ္တဲ့ အတုယူသင့္တဲ့အက်င့္ေကာင္းေလးေတြပဲျဖစ္ပါတယ္။

Photo Source: Pexels

[Unicode]

မိန်းကလေးတစ်ယောက်က ရုပ်ရည်လေးလှနေရုံနဲ့လည်း လှပတဲ့မိန်းကလေးတစ်ယောက်လို့ ပြောလို့တော့မရသေးပါဘူး။ ခန္ဓာကိုယ်လေးကလည်း အဆီပိုတွေမရှိပဲ ချပ်ချပ်ရပ်ရပ်လေးနဲ့မှ ကြည့်ကောင်းပြီးလှပနိုင်မှာပေါ့။ ဒါကြောင့် လှပတဲ့ခန္ဓာကိုယ်လေးတွေကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဆီကနေ အတုယူပြီးလိုက်လုပ်ကြည့်သင့်တဲ့ အကျင့်ကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေနွေးကို ကော်ဖီနေရာမှာအစားထိုးကြတယ်

ကော်ဖီဆိုတာ လူတိုင်းကြိုက်တဲ့သောက်စရာတစ်မျိုးပါပဲ။ လူတိုင်းကြိုက်နှစ်သက်တယ်ဆိုပေမယ့်လည်း ခဏခဏသောက်တာမျိုးကတော့ မကောင်းပါဘူး။ ကျန်းမာပြီး အဆီမရှိတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားရတဲ့ မိန်းမလှလေးတွေကတော့ ကော်ဖီသောက်ချင်လာတဲ့အချိန်တိုင်းမှာ ရေနွေးကိုပဲ အစားထိုးပြီးသောက်ကြတာများပါတယ်။ ရေနွေးကခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပြီး အဆီတွေကိုလည်း သိသိသာသာလျော့ကျလာစေပါတယ်။

ရေဓာတ်ပြည့်ဝအောင်နေထိုင်တယ်

ခန္ဓာကိုယ်မှာ ရေဓာတ်ကောင်းကောင်းပြည့်ဝနေဖို့က အရေးကြီးတယ်ဆိုတာကိုတော့ သိထားပြီးသားဖြစ်မှာပါ။ ရေများများသောက်တာက အသားအရေကိုကြည်လင်လှပလာစေပြီး ခန္ဓာကိုယ်ကအဆီတွေကို လျော့ကျစေဖို့လည်း ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။

အချိန်မှန်မှန်ပဲစားတယ်

အစားစားဖို့ဆိုရင်လည်း အချိန်မှန်မှန်ပဲစားတတ်တဲ့ အကျင့်ကောင်းလေးက သူတို့ဆီမှာရှိနေတယ်။ အစားစားချိန်နောက်ကျတာတွေ၊ အစာလွန်တာမျိုးတွေမရှိတာကြောင့် ကျန်းမာရေးနဲ့လည်းသင့်တော်ပြီး လှပတဲ့ခန္ဓာကိုယ်ကိုလည်း ရရှိစေဖို့အကျိုးပြုနေတာပဲဖြစ်ပါတယ်။

ပဲကိုများများစားပေးတတ်တယ်

ပဲတွေမှာပါဝင်နေတဲ့ အမျှင်ဓာတ်တွေက အာဟာရကိုလည်းပြည့်ဝစေပြီး ခန္ဓာကိုယ်ထဲမှာ အဆီပိုတွေမရှိအောင်လည်း ထိန်းသိမ်းပေးထားနိုင်ပါတယ်။

ဒါတွေကတော့ ခန္ဓာကိုယ်လှပပြီး အဆီမရှိတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားရတဲ့ပျိုမေတို့ဆီမှာ မြင်တွေ့ရတတ်တဲ့ အတုယူသင့်တဲ့အကျင့်ကောင်းလေးတွေပဲဖြစ်ပါတယ်။

Photo Source: Pexels