အနုပညာအလုပ်တွေကို ကလေးကတည်းက ကလေးသရုပ်ဆောင်ဘဝနဲ့ ကြိုးစားခဲ့တဲ့ အိစိကွေးက အခုအချိန်မှာတော့ လူငယ်သရုပ်ဆောင်အဖြစ် ဆက်လက်ကြိုးစားနေသူပါ။ လက်ခံအားပေးတဲ့ ပရိသတ်တွေအများကြီးရဲ့ကြားမှာ စကားအပြောအဆို ယဉ်ကျေးပြီး အေးဆေးတဲ့ ပုံစံနဲ့ အနုပညာလမ်းကို ဆက်လက်လျှောက်လမ်းနေသူ တစ်ယောက်ပါ။

သူ့ရဲ့ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ မွန်မြတ်တဲ့အလှူကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်လှူဒါန်းတာပါ။

အသက် ၁၈ နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ်သူ့ရဲ့ ကြည်နူးစရာ အလှူအကြောင်းကိုတော့ အိစိကွေးက “ဒီနေ့ ကျွန်တော့်ရဲ့ မွေးနေ့လေးမှာ ဆွမ်းလောင်းတယ် ခန္ဓာကိုယ် လှူတယ် မျက်ကြည်လွှာ လှူတယ် ဦးမောင်ရဲ့ နာရေးကူညီမှုအသင်းအတွက် အလှူငွေ ၃သိန်းလှူဒါန်းဖြစ်ခဲ့ပါတယ်။ နတ်လူ သာဓုခေါ်နိင်ပါစေ လူလောကထဲကို ခေါ်ဆောင်လာခဲ့တဲ့ အဖေနဲ့အမေကို ကျေးဇူးတင်ပါတယ်။” ဆိုပြီး ရေးသားထားခဲ့တာပါ။

အလှူ အမှတ်တရ ပုံရိပ်တွေကိုလည်းသူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်။ ကလေးသေးသေးလေးကနေ အခုလို လူငယ်လေးတစ်ယောက်ဖြစ်လာတဲ့ အိစိကွေးကိုရော ချစ်တဲ့သူတွေရှိလား ပြောခဲ့ပါဦး။

Photos credit – Eisi Kway’s FB