အားလုံးပဲမင်္ဂလာပါနော်။ Cellulite ဆိုတာကတော့ အားလုံးသိတဲ့အတိုင်း ပိန်ပိန်ဝဝ ပေါင်နဲ့ တင်နားမှာ ဖြစ်တတ်တဲ့ အဖုအထစ်လေးတွေနဲ့ အဆီပြင်၊ အဆီဖုလေးတွေဖြစ်ပါတယ်။

တချို့က အသားကို နည်းနည်းဖိပေးလိုက်မှ သိသာတာမျိုးပါ။

ဆိုတော့ ဒီလို အဆီဖုလေးတွေက တခါတလေ ဘောင်းဘီအတို စကတ်အတိုလေးတွေဝတ်တဲ့အခါမှာ အဆင်မပြေဖြစ်တတ်ပါတယ်နော်။

ဒီလို မလိုချင်တဲ့ အဆီဖုလေးတွေကို သက်သာအောင် ဘယ်လိုလေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ လိပ်ပြာခြေထောက်

အရင်ဆုံးကျောလှဲနေပါ။ ပြီးရင်တော့ခြေထောင်နှစ်ဖက်ကို အခုပုံမှာပြထားသလိုမျိုး ကွေးလိုက်ပြီး အပေါ်ကို မတင်လိုက်ပါ။ ၄-၅ စက္ကန့်လောက်ထားပါ။ အဲဒီနောက် ပြန်ချလိုက်ပါ။ ၁၅-၂၀ ကြိမ်လောက်လုပ်ပါ။

၂။ ဒူးမလေ့ကျင့်ခန်း

အရင်ဆုံးကျောလဲနေလိုက်ပြီး ဒူးနှစ်ဖက်ကို အခုလိုမျိုးလက်နဲ့ ပိုက်ထားပေးရမှာဖြစ်ပါတယ်။ အဲဒီအတိုင်း ၄-၅ စက္ကန့်လောက်နေပြီး ဒူးကို ပြန်ချထားလိုက်ပါ။ ၁၀-၁၅ ကြိမ်လုပ်ပါ။

၃။ Single-leg Bridge

မလိုချင်တဲ့ အဆီဖု (Cellulite) တွေကို (၂) ပတ်အတွင်း သိသိသာသာ ပျောက်ကင်းစေမယ့် လေ့ကျင့်ခန်းများ

အရင်ဆုံးကျောလှဲနေပေးပါ။ ပြီးရင်တော့ ဒူးနှစ်ဖက်ကို နည်းနည်းခွာထားပါ။ ခြေထောက်တစ်ဖက်ကိုမြောက်ပြီး ဒူးတစ်ဖက်ကိုကွေးကာ တင်ကို ကြွပေးလိုက်ပါ။

အဲဒီအတိုင်း ၂၀-၃၀ စက္ကန့်လောက်နေပေးပြီး ခြေထောက်ပြန်ချထားပါ။ ခြေထောက်တစ်ဖက်ဆီကို ၈-၁၂ ကြိမ်လုပ်ပါ။

၎။ ဇောက်ထိုးလေးနဲ့လေ့ကျင့်ခန်း

အရင်ဆုံး ခြေထောက်ကို ဖြောင့်ဖြောင့်ထားပြီး လေးဖက်ထောက်လိုက်ပါ။ ပြီးရင်တော့အသက်ပြင်းပြင်းရှူပြီး ခြေထောက်တစ်ဖက်ကို အပေါ်မြောက်ပေးလိုက်ပါ။ အသက်ပြန်ရှူထုတ်ပြီး ခြေထောက်ကိုပြန်ချပါ။ ခြေထောက်တစ်ဖက်ဆီကို ၈-၁၀ ကြိမ်လုပ်ပေးပါ။

၅။ Clamshell လေ့ကျင့်ခန်း

အရင်ဆုံး ဘေးစောင်းလေးလှဲလိုက်ပါ။ လက်တစ်ဖက်ကို ထောက်ထားပြီး ခေါင်းလေးတင်ထားပါ။ ကျန်တစ်ဖက်ကို ကြမ်းပြင်မှာ အခုပုံမှာပြထားသလို ချထားလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို ကွေးပြီးချထားပါ။

ဒူးတစ်ဖက်ကို ကိုယ်တတ်နိုင်သလောက် အပေါ်မြောက်ပေးပါ။ ပြီးရင်ပြန်ချပါ။ ခြေထောက်တစ်ဖက်ဆီကို အကြိမ် ၂၀ ဆီလုပ်ပေးပါ။

၆။ Forward Lunges

အရင်ဆုံး မတ်မတ်ရပ်ထားပါ။ ပြီးရင်ခြေထောက်တစ်ဖက်ကို ရှေ့ထုတ် ဒူးကွေးလိုက်ပြီး ကျန်တဲ့ဒူးကိုလည်း ကြမ်းပြင်နဲ့မထိစေဘဲ ကွေးချပေးပါ။

အဲဒီအတိုင်း ၃-၅ စက္ကန့်လောက်နေပါ။ ပြီးရင် မတ်မတ်ပြန်ရပ်ပါ။ ခြေထောက်တစ်ဖက်ဆီကို ၁၂-၁၅ ကြိမ်လုပ်ပေးပါ။

Source: Brightside.me

By: MyStyle Myanmar