မင်္ဂလာပါ သူငယ်ချင်းတို့ရေ။ ဆံကေသာဟာ ဒုတိယမျက်နှာဆိုတဲ့အတိုင်း အမျိုးသမီးတွေအတွက်တော့ ဆံကေသာအလှတရားဟာ သိပ်ကိုအရေးပါလှပါတယ်။ ဒါပေမယ့် တနေကုန်လှုပ်ရှားသွားလာနေတဲ့ မိန်းကလေးတွေအတွက်တော့ လေထုညစ်ညမ်းမှုတွေ၊ နေလောင်ခြည်ထိတွေ့မှုတွေ၊ ဖုန်၊ အညစ်အကြေးတွေနဲ့ ဆံပင်အပူပေးစက်တွေ၊ ဆံပင်ပုံသွင်းစက်တွေကြောင့် သင့်ဆံကေသာ နူးညံ့တောက်ပမှုမရှိတော့လို့ မွဲခြောက်ကြမ်းတမ်းပြီး ပုံကျလှပမှု မရှိတော့မှာကို စိတ်ညစ်နေလား။ ဒါဆိုရင်တော့ စိတ်မပူပါနဲ့။ ရင်သက်ရှုမောဖွယ်ကောင်းပြီး လူတိုင်းငေးကြည့်ရတဲ့ ဆံကေသာ အလှတရားကို ရရှိပိုင်ဆိုင်စေဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဆံကေသာကို ခပ်ကြမ်းကြမ်းမဖြီးပါနဲ့

ဆံပင်ကို ခပ်ကြမ်းကြမ်းဖြီးပေးတာဟာ ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။ ဆံပင်အပြင်ပိုင်းအလွှာလေးတွေကို ပျက်စီးစေတာကြောင့် ဆံပင်ကို ညင်သာစွာဖြီးပေးသင့်ပါတယ်။

၂။ မိမိနဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်သုံးပါ

ခေါင်းလျှော်ရည်ရွေးချယ်ရာမှာ မိမိနဲ့ သင့်တော်ပြီး အဆင်ပြေတဲ့ ခေါင်းလျှော်ရည်ကိုသုံးပေးပါ။ ဆံပင်ကြမ်းနေရင် ဆံကေသာကို နူးညံ့ ပျော့ပျောင်းစေတဲ့ ခေါင်းလျှော်ရည်၊ဆံပင်မွဲခြောက်နေရင် ဆံကေသာကို နက်မှောင်တောက်ပစေတဲ့ ခေါင်းလျှော်ရည် အစရှိသဖြင့် ရွေးချယ်နိုင်ပါတယ်။

၃။ ခေါင်းလျှော်တိုင်း ပေါင်းတင်ပေးပါ

ခေါင်းလျှော်ပြီးတိုင်း ပေါင်းဆေး (သို့) ပျော့ဆေး သုံးဖို့ မမေ့သင့်ပါဘူး။ ဆံကေသာကို ပိုပြီးပျော့ပျောင်း နူးညံ့စေဖို့ ပျော့ဆေးသုံးပေးသင့်ပါတယ်။

၎။ ရေများများသောက်ပါ

သင့်ရဲ့ခန္ဓာကိုယ်ရေဓာတ်ဖြည့်တင်းပေးတာဟာ သင့်ကျန်းမာရေးအတွက်ရော ဆံကေသာအတွက်ပါ အရေးပါလှပါတယ်။ ဒါ့ကြောင့် ဆံကေသာအလှအတွက် ရေများများသောက်ပေးပါ။ တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးနိုင်ပါတယ်။

၅။ အပူပေးစက်တွေ ဆံပင်ပုံသွင်းစက်တွေကိုရှောင်ပါဆံပင်အပူပေးစက်တွေ၊ ဆံပင်ပုံသွင်းစက်တွေဟာ ဆံကေသာကို ခြောက်သွေ့ ကြမ်းတမ်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆံကေသာ နူးညံ့တောက်ပမှုမရှိဘဲ မွဲခြောက်စေနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ပုံကျလှပတော့မှာမဟုတ်လို့ အပူပေးစက်တွေရှောင်ပေးပါ။

၆။ ဆံပင်ကို သဘာဝအဆီအနှစ်တွေနဲ့ ပေါင်းတင်ပါ

သင့်ရဲ့ ဆံကေသာကိုအုန်းဆီ (သို့) သံလွင်ဆီ စတဲ့ သဘာဝအဆီအနှစ်တွေနဲ့ နှိပ်နယ်ပြီး ပေါင်းတင်ပေးပါ။ သံလွင်ဆီ (သို့) အုန်းဆီကို အပူပေးလိုက်ပြီး နွေးနွေးလေးဖြစ်နေတဲ့ အနေအထားမှာ ဦးရေပြားနဲ့ ဆံကေသာအနှံ့ကို လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ ဒါဆိုရင်တော့ သင့်ဆံကေသာကို နူးညံ့တောက်ပစေမှာဖြစ်ပါတယ်။

ဆန်းစစ်ခေါင်းလျှော်ရည်

ဆန်းစစ်ခေါင်းလျှော်ရည်ဟာ နာမည်ကျော် ရေမွှေးပညာရှင်တွေနဲ့ ပေါင်းစပ်ပြီး အဆင်မြင့်နည်းပညာနဲ့ ထုတ်လုပ်ထားလို့ ဆံကေသာကို မွှေးရနံ့သင်းစေပြီး နူးညံ့တောက်ပေနေစေမှာပါ။

ပုံကျလှပပြီး မွှေးပျံ့တဲ့ ဆံကေသာကို ရရှိစေတဲ့ ဆန်းစစ်ပန်းရောင်ခေါင်းလျှော်ရည်၊ ပိတုန်းရောင်လိုနက်မှောင်တောက်ပစေပြီး ထောလပတ်ရွက်လို အစွမ်းထက်တဲ့ အနက်ရောင်ခေါင်းလျှော်ရည်၊ Moisture Lock နည်းပညာနဲ့ ထုတ်လုပ်ထားပြီး ဆံကေသာကို နူးညံ့ချောမွှေ့စေတဲ့ ဆန်းစစ်အဝါရောင်ခေါင်းလျှော်ရည်၊ Straight Lock နည်းပညာနဲ့ထုတ်လုပ်ထားပြီး ဆံကေသာကို ဖြောင့်စင်းလှပနေစေမယ့် ဆန်းစစ်ခရမ်းရောင်ခေါင်းလျှော်ရည်ဆိုပြီး (၄) မျိုးထုတ်လုပ်ထားလို့ မိမိနှစ်သက်ရာကို ဝယ်ယူအသုံးပြုနိုင်မှာပါ။