ငယ်ရွယ်နုပျိုတဲ့ မျက်နှာကို ပိုင်ဆိုင်ချင်တာက မိန်းကလေးတိုင်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ အသက်ကြီးလာလေ ပိုနုလာလေဆိုတဲ့ စကားလုံးကို အားလုံး ကြားချင်ကြမှာပါ။ ဒီအတွက်လည်း နေလောင်ကာ ခရင်တွေလိမ်းရ၊ အသားအရေ ထိန်းသိမ်းရ၊ အစားအသောက်ဂရုစိုက်ရနဲ့ မလွယ်ပါဘူးနော်။ သင့်ခန္ဓာကိုယ် ကျစ်လျစ်သွယ်လျဖို့အတွက် လေ့ကျင့်ခန်းလုပ်ရပါတယ်။ အစားအသောက် ထိန်းသိမ်းပေးရပါတယ်။

သင့်မျက်နှာလည်း ဒီလိုပါပဲ။ လေ့ကျင့်ခန်းလုပ်ပေးတာ နှိပ်နယ်ပေးတာတွေက ငယ်ရွယ်နုပျိုစေတဲ့ သော့ချက်တစ်ခုပဲဖြစ်ပါတယ်။ ဒီလေ့ကျင်ခန်းတွေကတော့

လေ့ကျင့်ခန်း(၁) “Marilyn”

Source: Pinterest

ဒီလေ့ကျင့်ခန်းက Marilyn Monroe ရဲ့ အနမ်းပေးတဲ့ပုံစံကို အခြေခံထားလို့ ခုလိုခေါ်တာဖြစ်ပါတယ်။ သင့်နှုတ်ခမ်းကို Fly Kiss ပေးတဲ့ ပုံစံလေးလုပ်ပေးပါ။ ဒါကို နေ့စဉ် ၄ ကြိမ် ကနေ ၅ ကြိမ်ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက သင့်နှုတ်ခမ်းဘေး ကြွက်သားတင်းအားကို လျှော့ပေးပါတယ်။

လေ့ကျင့်ခန်း(၂) “Surprise Me”

Source: BanderasNews

ဒီလေ့ကျင့်ခန်းကတော့ စပရိုက် အံ့သြသွားတဲ့ပုံစံကို အခြေခံထားတာပါ။ ကိုယ့်ရဲ့ နဖူးပေါ်က အရေးကြောင်းတွေကို လျှော့ချပေးပါတယ်။ မျက်တောင်မခတ်ဘဲ သင့်မျက်လုံးကို ပြူးပေးပါ။ မျက်ခုံးကိုပါ မြှင့်တင်ပေးပါ။ လေးစက္ကန့်ကနေ ငါးစက္ကန့်ကြာထားပေးပါ။ ဒါမျိုးကိုနေ့စဉ် လေးကြိမ်ကနေ ငါးကြိမ်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း(၃) ” Smiling Fish Face”

Source: The Fit Indian

ဒီပုံစံကတော့ ရုပ်ပြောင်လုပ်တတ်တဲ့ မိန်းကလေးတွေအတွက် လွယ်ကူမှာပါ။ ပုံထဲကအတိုင်း ငါးပုံစံရအောင် နှုတ်ခမ်းစုပေးပါ။ ဒါကိုလည်း လေးကြိမ်ကနေ ငါးကြိမ် နေ့စဉ်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း(၄) “The Bumblebee”

Source: Youtube

ဒီလေ့ကျင့်ခန်းက နှုတ်ခမ်းကို ပုံထဲကပြတဲ့အတိုင်း စုလိုက်တာပါ။ ဒါကိုသုံးကြိမ်ကနေ လေးကြိမ် နေ့စဉ်ပြုလုပ်ပေးပါ။ အဲ့လိုပုံစံလုပ်တဲ့အချိန် ဟွန်း ဆိုတဲ့အသံမျိုးထွက်သွားပါတယ်။

လေ့ကျင့်ခန်း(၅) “Puppet Face”

Source: You Tube

ဒီလေ့ကျင့်ခန်းက နှာခေါင်းနဲ့  နှုတ်ခမ်းကြားက အရေးကြောင်းတွေကို လျှော့ချပေးပါတယ်။ ပထမဆုံးပြုံးလိုက်ပါ။ သင့်လက်ကို နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းကြားထားပြီး မျက်နှာကိုဖြဲလိုက်ပါ။ ဒါကိုတော့ အခါ ၂၀ ကနေ ၃၀ ပြုလုပ်ပေးပါ။

ပျိုမေအားလုံး အမြဲနုပျိုကြပါစေနော်။