Beauty & Fashion | မိတ်ကပ် – Make Up | မျက်လုံး – Eyes | အလှအပ – Beauty

အခုမှ Eyeliner စဆွဲမယ့်သူတွေအတွက် Eyeliner ကို သေသေသပ်သပ်ဆွဲနိုင်ဖို့ ရိုးရှင်းတဲ့ နည်းလမ်း

April 13, 2018

အခုမှ Eyeliner စဆွဲမယ့်သူတွေအတွက် Eyeliner ကို သေသေသပ်သပ်ဆွဲနိုင်ဖို့ ရိုးရှင်းတဲ့ နည်းလမ်း

Share this on:

မင်္ဂလာပါနော်။ အားလုံးပဲ Eyeliner ဆိုးရတာ သဘောကျကြမယ်ထင်ပါတယ်။ Eyeliner မဆိုးတတ်တဲ့သူအတွက် ဒါမှမဟုတ် Eyeliner ဆိုးရင် မလှဘူးလို့ထင်နေတဲ့သူအတွက် ဒီတခါမှာတော့ ရိုးရှင်းလွယ်ကူတဲ့ Eyeliner ဆိုးနည်းလေးကိုမျှဝေပေးသွားပါမယ်နော်။

၁။ ထက်တဲ့ Pencil Eyeliner ကိုသုံးပါ

မသုံးခင်မှာ သင့်ရဲ့ Eyeliner က သေချာချွန်သလား။မချွန်ဘူးလားဆိုတာ အရင်ကြည့်ရပါမယ်။ Eyeliner ချွန်ချွန်လေးနဲ့မှ သင်လိုချင်တဲ့ပုံကိုရရှိမှာပါ။

၂။ သင့်ရဲ့ မျက်ခွံအပြင်ဖက်ထောင့်နားကနေ စဆွဲပါ

သင့်ရဲ့ Eyeliner ကိုဆွဲတဲ့အခါမှာ သင့်ရဲ့ အပြင်ဖက် မျက်ခွံထောင့်ကနေ အတွင်းဖက်ကို အရင်ဆွဲလိုက်ပါ။

မျက်လုံးကို စင်းစင်းလေး မှိတ်ထားပါ။ မျက်လုံးဖွင့်မထားပါနဲ့။

၃။ ပြီးရင်တော့ အတွင်းပိုင်းအထိဆွဲလိုက်ပါ။

ပြီးရင်တော့ မျက်ခွံအတွင်းဖက်ကို ဆွဲပေးလိုက်ပါ။

၎။ မျက်ခွံအောက်ဖက်ကိုဆွဲပါ

မျက်ခွံအောက်ဖက်ကို တစ်ဝက်လောက်အထိ ဆွဲလိုက်နိုင်ပါတယ်။ အပြင်ဖက်ကနေ အလယ်လောက်အထိပဲ ဆွဲပါ။ Eyeliner မဆွဲချင်ဘဲ Eyeshadow အညိုရောင်ကို ခပ်ပါးပါးလေး ဆိုးပေးရင်လည်း ရပါတယ်နော်။

Source: www.trendcrown.com

User Rating

4.4 (5 Votes)
error: Alert: Copyright © 2018. MyStyle Myanmar