၀က်ခြံဆိုတာ လူငယ်တွေအများအားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ ဝက်ခြံလို့ပြောလိုက်ရင် လူတိုင်းနှာခေါင်းရှုံ့သွားကြမှာပါပဲ။ ဒီလိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလိုက်ရအောင်ပါ။

၁။ ရေနဲ့ ဆား

အရင်ဆုံး ရေကိုခွက်တစ်လုံးထဲထည့်ပါ။ ပြီးရင် ဝါဂွမ်းစကို နစ်ပြီးထည့်လိုက်ပါ။ ပြီးရင် အဲဒီဝါဂွမ်းစပေါ်မှာ ဆားနည်းနည်းဖြူပါ။ ပြီးရင် ဝက်ခြံပေါ်မှာ ၂ မိနစ် ၃ မိနစ်လောက် တင်ထားပါ။ အဲဒီနောက်ရေအေးအေးနဲ့ ဆေးချပါ။ ၅ မိနစ်လောက်နေရင် ဝက်ခြံ အရောင်နည်းနည်းလျော့သွားပါလိမ့်မယ်။ ပြီးရင် ထပ်ပြီး လုပ်ပေးပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချပါ။

၂။ ရေခဲတုံးနဲ့ ရှားစောင်းလက်ပက်

တဘက်အသေးတစ်ခုထဲကို ရေခဲတုံးလေးတွေထည့်လိုက်ပါ။ ပြီးရင် အဲဒါနဲ့ ဝက်ခြံပေါ်မှာ ၂ မိနစ် ၃ မိနစ်လောက် တင်ပြီးဖိထားပေးပါ။ ပြီးရင်တော့ ရှားစောင်းလက်ပက် လက်ဖက်ရည်ဇွန်းတစ်ဝက်လောက်ကို ဝက်ခြံပေါ်မှာ လိမ်းထားပေးပါ။ နာရီဝက်လောက်ထားပြီးရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။

၃။ မုန့်ဖုတ်ဆိုဒါနဲ့ နနွင်း

ခွက်အသေးတစ်လုံးထဲကို မုန့်ဖုတ်ဆိုဒါ နဲ့ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းဆထည့်ပြီးရောလိုက်ပါ။ ပြီးရင် သံပုယိုရည်နည်းနည်း ညှစ်ထည့်ပါ။ ပြီးရင် ဝက်ခြံပေါ်မှာလိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချပါ။ ဝက်ခြံလေးတွေ သေးသွားမှာပါ။

၄။ သွားတိုက်ဆေး

သွားတိုက်ဆေးကို ဝက်ခြံလေးတွေ စပြီးထွက်လာချိန်မှာ သုံးနိုင်ပါတယ်။ သွားတိုက်ဆေးကို ဝက်ခြံပေါ် တင်ပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင်ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ညအိပ်ယာမဝင်ခင် လိမ်းပေးပြီး အိပ်ယာဝင်လို့ရပါတယ်။