မသိပဲ လုပ်မိလိုက်တဲ့ ဘဝနေထိုင်မှု အများတွေကြောင့် အသားအရေကို ထိခိုက်စေတယ်ဆိုတာ ပျိုမေတို့သိပါတသလား။ အမှတ်တမဲ့ နေထိုင်ပြုမူ လိုက်ရာမှာ ကိုယ်ခန္ဓာပေါ်မှာရှိတဲ့ အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် အသားအရေကို ဂရုစိုက်တတ်ဖို့ကလည်း အရေးကြီးဆုံးအချက်တစ်ချက်ပါပဲ။

မိန်းကလေးတိုင်းရဲ့ အိမ်မက်ထဲကတစ်ခုက Flawless ဖြစ်တဲ့ အသားရေကို ပိုင်ဆိုင်ချင်ကြတာ ချည်းပါပဲ။ ဒါကြောင့်ငယ်တဲ့ အရွယ်ကတည်းက ဘဝနေထိုင်မှုပုံစံက မှန်ကန်ဖို့လိုအပ်ဆုံးပါ။ အသားအရေဝင်းပကြည်လင်ပြီး ကြည့်ကောင်းဖို့ဆိုတဲ့အရာဟာ ချက်ချင်းလုပ် ချက်ချင်းဖြစ်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး အချိန်ယူပြီး သတိထားနေထိုင်တတ်ဖို့ပဲ ဖြစ်ပါတယ်။


အဲ့ဒါကြောင့် အချိန်ရှိတုန်းပြုပြင်နိုင်မယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ယခုပြောပြပေးမယ့် အကျင့်တွေက မိန်းကလေးတိုင်း တစ်ချက်မဟုတ် တစ်ချက်တော့ ပြုလုပ်ဖူးကြမှာပါ။ သင်တစ်ယောက်တည်း ဒီလို အမှားတွေလုပ်ဖြစ်တယ်လို့ မယူဆစေချင်ပါဘူး။ ထိုမကောင်းတဲ့ အကျင့် အပြုအမူလေးတွေကို ပြင်လိုက်ပြီးတာနဲ့ သင့်အသားရေအတွက်ထူးခြားမှုရလဒ်ကောင်းကို အနှေးနဲ့အမြန်တော့ခံစားရမှာပါ။ သတိထားပြီး ဆင်ခြင်လို့ရအောင် ခုပဲပြောပြပေးလိုက်ပါမယ်။

  • Cosmetic ဒါမှမဟုတ် Skin Care တွေကို ကိုယ်နဲ့ တည့်မတည့် Tester မစမ်းကြည့်ပဲ သုံးတာမျိုး
  • မိတ်ကပ်လိမ်းတဲ့နေရာမှာ သုံးတဲ့ ပစ္စည်းတွေကို စနစ်တကျ မသန့်စင်ပေးတာမျိုး
  • ကိုယ်ခန္ဓာအလေးချိန် ဝိတ်အတက်အကျကို သတိမထားတာမျိုး

  • တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်ကို မဖျက်ပဲ ညအိပ်မိတာမျိုး
  • တစ်နေ့ကို ကော်ဖီတစ်ခွက်ထပ်ပိုသောက်မိတာမျိုး
  • ညဖက်ဆို ၁၀နာရီထက် နောက်ကျပြီး အိပ်တတ်တာမျိုး
  • အစားအသောက်ကို ပုံမှန်အချိန်နဲ့ မစားတာမျိုး

စတဲ့အချက်တွေကြောင့် အရေပြားဟာ မွဲခြောက် တတ်တဲ့အပြင် တင်းရင်းမှု ကြည်လင်မှုလည်း မရှိတော့ပါဘူး။ တကယ်လို့ သင့်မှာ ဒီလိုအမူအကျင့်လေးတွေရှိတယ်ဆို အခုနှစ်သစ်မှာပဲပြင်ဆင်လိုက်ပါ။