နေ့စဉ်သွားလာလှုပ်ရှားနေရတာနဲ့အမျှ လေထုညစ်ညမ်းမှုတွေနဲ့ မဆင်မခြင်စားသောက်မှုပုံစံတွေက သင့်ရဲ့အသားအရေနဲ့ ဆံကေသာကျန်းမာရေးတို့ကို ထိခိုက်လာနိုင်ပါတယ်။

အမျိုးမျိုးပြောင်းလဲတိုးတက်နေတဲ့ ယနေ့ခေတ်လိုအချိန်မှာ အများသူငါနဲ့ တန်းတူရှိစေဖို့ ဆံပင်ပုံစံအမျိုးမျိုးကိုလည်း ပုံသွင်းဆေးဆိုးခြင်းတို့ပြုလုပ်ရလို့ ဆံပင်တွေကလည်း အင်မတန်ကိုခြောက်သွေ့ကြွပ်ဆပ်နေရပါပြီ။

ဒါကြောင့် ဒီလိုပြဿနာတွေကို ဆံသဆိုင်တွေကိုပိုက်ဆံအကုန်ခံပြီးသွားစရာမလိုဘဲ အိမ်မှာပဲအလွယ်တကူလုပ်ဆောင်နိုင်မယ့် ဆံပင်ပေါင်းတင်နည်းလမ်းလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။

ခေါင်ရန်းပန်းရဲ့ အပွင့်ရောအရွက်တွေကို အသုံးပြုပြီးအိမ်မှာပဲဆံပင်ပေါင်းတင်ခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး တောက်ပစိုပြေတဲ့ဆံကေသာကို ရရှိစေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ခေါင်ရန်းပန်းပွင့် – ၈ ပွင့် မှ ၁၀ ပွင့်

ဒိန်ချဉ် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း မှ ၄ ဇွန်း

ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Rosemary Essential Oil – အစက်အနည်းငယ်

ပြင်ဆင်ပုံအဆင့်ဆင့်


၁။ အညှာနှင့်အစိမ်းရောင်အဖတ်တွေကိုဖယ်ထုတ်ပစ်ပါ။

၂။ ပန်းပွင့်များကို ကြိတ်စက်ထဲထည့်ပါ။

၃။ ကြိတ်စက်ထဲ ဒိန်ချဉ် ၃ဇွန်း သို့မဟုတ် ၄ ဇွန်းကိုထည့်ပြီး ကြိတ်ပေးပါ။ အပျစ်အကြဲအတွက် ရေအနည်းငယ်ကိုလည်း ထည့်ပေးနိုင်ပါတယ်။

၎။ အနှစ်ကိုပန်းကန်လုံးထဲပြောင်းထည့်ပါ။

၅။ ပန်းကန်ထဲသို့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုရောထည့်ပါ။

၆။ လိုအပ်လျှင်လိုအပ်သလို rosemary essential oil အစက်အနည်းငယ်ကို ထည့်သွင်းပေးနိုင်ပါတယ်။ Rosemary oil က ဆံပင်အရှည်အတွက် အထူးကောင်းမွန်ပါတယ်။

ပြီးလျှင်တော့ ဆံပင်ကိုပေါင်းတင်နိုင်ပါပြီ။

ဘယ်လိုပေါင်းတင်ရမလဲ

ဦးစွာဆံပင်ကိုရေဆေးချပြီး လေနဲ့ခြောက်အောင်ခဏထားပါ။ ဆံပင်အနည်းငယ်စိုထိုင်းထိုင်းလေးဖြစ်ပြီဆိုရင် အထက်ဖော်ပြပါပေါင်းဆေးကို လက်ချောင်းလေးများ သို့မဟုတ် ခေါင်းဖြီးဖြင့် ဆံပင်အရင်းမှအဖျားအထိ တချောင်းချင်းစီကို သုတ်လိမ်းပေးပါ။

ဆံပင်ကို Shower Cap ဖြင့် နာရီဝက်ခန့်အုပ်ထားပေးကာ ရေဖြင့်ပြောင်စင်အောင်ဆေးကြောပေးပါ။ ပုံမှန်အတိုင်းခေါင်းလျှော်ရည်ကို အသုံးပြုပြီးခေါင်းလျှော်ပေးပါ။ သို့သော်လည်း ပေါင်းဆေးကိုအသုံးမပြုပါနဲ့။ တပတ်တစ်ကြိမ်မှန်မှန်လုပ်ပေးမယ်ဆိုရင် ခြောက်သွေ့ပျက်စီးနေတဲ့ဆံသားတွေ ပြန်လည်အသက်ဝင်လာတာကို တွေ့မြင်နိုင်မှာပါ။