ချွေးပေါက်ကျယ်တဲ့သူတွေဟာ အဆီပြန်တတ်ပြီး ဝက်ခြံထွက်လွယ်ပါတယ်။ ဒါ့ကြောင့် ချွေးပေါက်ကို သေချာသန့်စင်ပေးဖို့လိုအပ်ပါတယ်။ ကုန်ကျစရိတ်လည်းသက်သာပြီး မျက်နှာပေါ်မှာရှိတဲ့ ဆားဝက်ခြံတွေကိုပါ သက်သာစေမှာပါ။

၁။ ပါဝင်ပစ္စည်း

နွားနို့ စားပွဲတင်ဇွန်း တစ်ဝက်

သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဝက်

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို ခွက်အသေးတစ်လုံးထဲရောပြီး ထည့်လိုက်ပါ။ ပြီးရင် နည်းနည်းလေးနွေးသွားအောင် Microwave နဲ့ အပူပေးလိုက်ပါ။ ပြီးရင် နည်းနည်းနွေးနွေးလေးဖြစ်အောင်ထားပြီး မျက်နှာပေါ်မှာလိမ်းပေးရမှာပါ။ ၁၅ မိနစ်လောက်ထားပြီးရင် ရေဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။

ပျားရည်အကျိုးကျေးဇူး

ပျားရည်ဟာ သဘာဝအတိုင်း အသားအရေကို နူးညံ့ချောမွေ့စေတဲ့ ဂုဏ်သတ္တိပါဝင်ပါတယ်။

နွားနို့

နွားနို့ဟာလည်း အသာအးရေကို စိုပြေစေပြီး အာဟာရဓာတ်ဖြည့်စွမ်းပေးနိုင်ပါတယ်။

သံပုယိုရည်

သံပုယိုသီးမှာ ဗီတာမင် C ကြွယ်ဝပြီး သဘာဝအတိုင်း အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပြီး အသားအရေကို ဖြူဝင်းလာစေပါတယ်။

၂။ ပါဝင်ပစ္စည်း

ကြက်ဥအကာ ၁လုံး

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးကို ခွက်ထဲထည့်ပြီး မွေလိုက်ပါ။ ပြီးရင် ချွေးပေါက်ကျယ်တဲ့နေရာနဲ့ မျက်နှာတစ်ခုလုံးကိုလိမ်းပါ။ ပြီးရင် တစ်ရှူးစကို တစ်လွှာခွာလိုကပြီး ကပ်ပေးပါ။ ခြောက်အောင်ထားပါ။ အဲဒီနောက် ခွာချလိုက်ပါ။

ကြက်ဥအကာရဲ့အကျိုးကျေးဇူး

ကြက်ဥအကာဟာ သဘာဝအတိုင်း ချွေးပေါက်ကျဉ်းစေပြီး အမည်းစက်တွေကို ဖယ်ရှားပေးပါတယ်။

၃။ ပါဝင်ပစ္စည်း

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်း

နွားနို့ ခွက် ၄ပုံ၁ပုံ

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးကို ခွက်ထဲထည့်လိုက်ပါ။ ပြီးရင် မျက်နှာသစ်လိုက်ပြီး လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်လော်ကထားပြီး ရေဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်ဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

သဘာဝအတိုင်း ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ကို သန့်စင်ပေးပါတယ်။